ဘဝခရီးလမ်း

4년 전

အ​ဖေမရှိ​သော မိန်းမ..
အစ်​ကိုမရှိ​သော မိန်းမ..
ခင်​ပွန်းမရှိ​သော မိန်းမ..
အဲ့ဒီသုံးချက်​နဲ့​လျှောက်​​နေတဲ့..
မိန်းမတစ်​​ယောက်​ရဲ့ခရီးလမ်းက..
ကြိုးတံတားတစ်​ခုနဲ့တူတယ်​..
ဟန်​ချက်​မပျက်​ဖို့အတွက်​က..
ကိုယ်​ကိုယ်​တိုင်​ထိန်းသိမ်းနိုင်​ရမှရမယ်​..
အဲ့ဒီ အတွက်​..
ဟန်​ချက်​ပျက်​​အောင်​ တိုက်​ခတ်​လာတဲ့​..
လေ​တွေကိုလည်း အပြစ်​တင်​ဖို့အချိန်​​ပေးလို့မရဘူး..
မငြိမ်​သက်​တဲ့ခရီးလမ်းကိုလည်းရပ်​ပစ်​လိုက် လို့မရဘူး..
အားနွဲ့သူရယ်​လို့မညှာတာတတ်​တဲ့မုန်​တိုင်း​တွေရှိ လာရင်​​တောင်​..
သည်းခံခြင်း​ဆိုတဲ့ကြိုးနဲ့ ..
ခန္ဓာကိုယ်ကိုတံတားမှာချည်​ရင်း..
ရင်​ဆိုင်​နိုင်​ဖို့လည်းကြိုးစားပစ်​ရမယ်​..
ကြိုးတံတားရဲ့အဆုံး​သတ်​မှာ ..
ကောင်းခြင်းနဲ့ဆိုးခြင်းတခုခု​​ထပ်​ရှိနေ​စေဦး..
ဒီခရီးလမ်းကိုလွန်​​မြောက်​ပြီးမှ​တော့..
ဒီထက်​ပိုပြီး ယိမ်းယိုင်​သွားဖို့မရှိတော့ပါဘူး..
image
Credit###လဲ့ယမင်း​အေး

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT