မဟာလူသားအကျွန်ုပ်

3년 전

တည်​ငြိမ်​​နေ​သော​ရေပြင်​သည်​လှူပ်​ခါသွားသကဲ့သို့ ဘဝတစ်​ခုသည်​အခက်​အခဲနှင့်​ရင်​ဆိုင်​ရသည့်​အချိန်​တိုင်းယိမ်းယိုင်​သွားသည်​မှာထုံးစံပင်​ဖြစ်​သည်​။အခက်​အခဲနှင့်​​တွေ့ကြုံခြင်းသည်​ကိုယ်​ရည်​ကိုယ်​​သွေးအား
တိုးတက်​လာ​စေရန်​မြှင့်​တင်​​ပေးခြင်းပင်​ဖြစ်​သည်​။
မိမိတို့၏ဘဝ၌​တွေ့ကြုံလာရသည့်​အခက်​အခဲများအား ရှူမြင်​သုံးသပ်​မှူသည်​အလွန်​ပင်​အ​ရေးကြီးလှ​ပေသည်​။

အခက်​အခဲကြုံရ​​လေ​လေစိတ်​သည်​တည်​ငြိမ်​​အေးချမ်းသင့်​​ပေသည်​။အခက်​အခဲများသည်​လူ၏စွမ်းအားအားအထွဋ်​အထိပ်​သို့ပို့​ဆောင်​​ပေးသည်​။လူတိုင်းလူတိုင်း၌တိမ်​​မြုပ်​​ပျောက်​ကွယ်​​နေ​သောစွမ်းပကားများ
သည်​အခက်​အခဲဟူသည့်​​သော့တံ​ကြောင့်​ပွင့်​အံထွက်​ကျလာ​လေသည်​။

ထို့​ကြောင့်​၃၁ဘုံ၌အရာရာအားမိမိ၏စွမ်းအင်​ဖြင့်​ကြိုးပမ်းလုပ်​​ဆောင်​နိုင်​သည့်​လူတို့ဌာနဤ​လောက၌လူဟု​ခေါ်သည့်​အကျွနုပ်​တို့သည်​စိတ်​ဓာတ်​အားမာန်​အပြည့်​ဖြင့်​အရာရာတိုင်းအားစွမ်း​ဆောင်​​အောင်​မြင်​နိုင်​​ပေသည်​။လူသားတို့၏​တွေး​ခေါ်နိုင်​စွမ်း၊စဉ်းစားဆင်​ခြင်​နိုင်​စွမ်းသည်​တုနှိုင်းမရနိုင်​​အောင်​ကံတရား​ကြောင့်​ဖြစ်​တည်​လာခဲ့​ပေသည်​။

ထို့​ကြောင့်​သဘာဝတရားမှမိမိတို့အား​နှင်းအပ်​ထား​သည့်​ဤဦး​နှောက်​နှင့်​အသိဥာဏ်​အားအသုံးချ၍​လောကီ
ကိစ္စ၊​လောကုတ္တရာကိစ္စများ၌​အောင်​မြင်​​အောင်​ကြိုးစားရမည်​မှာကျွနူပ်​တို့၏တာဝန်​ပင်​ဖြစ်​သည်​။

စကြာဝဠာတိုက်​တစ်​​သောင်း၌အမြင့်​မြတ်​ဆုံးမဟာ လူသားမြတ်​ဗုဒ္ဓသည်​ဤလူ့ဘုံ၌ပင်​ပွင့်​ထွန်း​ပေါ်​ပေါက်
လာခြင်းဖြစ်​​ပေသည်​။ထို့​ကြောင့်​ရခဲလှသည့်​မနုဿ လူသားအကျွန်ူပ်​တို့သည်​မိမိတို့၏ရရှိထား​သောအခွင့်​ထူးများအားအသုံးချ၍မိမိတို့၏နယ်​ပယ်​၌​အောင်​မြင်​မှူဆွတ်​ခူးနိုင်​​အောင်​အထူးပင်​ကိုယ်​စွမ်းရှိသမျှဥာဏ်​စွမ်းရှိသမျှကြိုးစား၍​လောကီ၊​လောကုတ္တရာနှစ်​ဖြာ​သော​အကျိုးကို​ရရှိ​အောငိကြိုးစားသင့်​​ပေ​ကြောင်း​ရေးသား၍
နိဂုံးချုပ်​လိုက်​ရ​ပေသည်​။

STEEMIT၌ဘာPOSTတင်​ရမှန်းမသိစဉ်းစားမရ၍ဟိုဟိုဒီဒီ​လျောက်​​ရေးလိုက်​ပါ​ကြောင်းဖြင့်​..။
စာ​ရေးသူ အိအိခိုင်​။

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

so cute

·

ကျေးဇူး

မပေါ်လာအတော်ကြာပါလား မအိရေ

·

ဟုတ်​တယ်​မမ​ရေခုမှပြန်​​ရေးဖြစ်​တာ