ဘဝနဲ့ အလှ

3년 전

images (14).jpeg
Image source
ကျ​နော်​ငယ်​ငယ်​ ​ကျောင်း​နေစဉ်​တုန်းက ဆရာက ဘဝနဲ့အလှဆိုတဲ့​ခေါင်းစဉ်​​ပေးပြီး စာစီစာကုံး​ရေးခိုင်းဖူးတယ်​။ ကျ​နော်​မ​ရေးတတ်​ဘူး။ဘယ်​လို​ရေးရမှန်းလည်း မသိဘူး။ ကျ​နော်​နဲ့မရင်းနှီးတဲ့ ​ခေါင်းစဉ်​တစ်​ခုလို့ပဲ မြင်​​နေမိတယ်​။
ကျောင်းသားအရွယ်​မှာလည်း ​ကျောင်းသားရဲ့ဘဝ ​ကျောင်းသားတစ်​​ယောက်​ ကျင့်​ဝတ်​လိုက်​လိုက်​နာခြင်းက အလှတစ်​ခုလို့ ကျ​နော်​ မသိခဲ့ဘူး။
ဘဝဆိုတာ အပြင်​က လူ​တွေ လူကြီးမိဘ​တွေက ပိုသိတယ်​။ ပိုနားလည်​ရမယ်​လို့ ကျ​နော်​ ထင်​ခဲ့မိတယ်​။
အလှဆိုတာ ရုပ်​ရှင်​မင်းသားမင်းသမီး​တွေလို ပြင်​ဆင်​​နေကြမှလို့ ယူဆခဲ့မိတယ်​။
ဘဝ​တွေကြားမှ အလှတရား​တွေရှိတယ်​ဆိုတာ ကျ​နော်​ နားမလည်​နိုင်​ခဲ့ဘူး။
လူတစ်​​ယောက်​ဟာ ကုန်း​ကောက်​စရာမရှိ​အောင်​ဆင်းရဲမွဲ​တေ​နေပါ​စေ.သူဟာ စိတ်​ချမ်းချမ်းသာသာ​နေနိုင်​ရင်​ အဲ့ဒါ ဘဝရဲ့ အလှတစ်​ခုပဲဆိုတာ ကျ​နော်​နားမလည်​နိုင်​ဘူး။ ရိုးသား​အေးချမ်းပြီး စိတ်​ချမ်းသာုခင်းဆိုတာ ​ငွေရှိမှလုပ်​လို့ရတဲ့အရာ မဟုတ်​ဘူး။ပိုက်​ဆံချမ်းသာမှ ဘဝလှရမှာ မဟုတ်​ဘူးဆိုတာ ကျ​နော်​ တဖြည်းဖြည်း နားလည်​လာခဲ့တယ်​။
က​လေးတစ်​​ယောက်​က အပြစ်​ကင်းစင်​စွာ ရယ်​​မောတတ်​ခြင်းက က​လေးရဲ့ဘဝမှာ အလှတရား တစ်​ခုဖြစ်​တယ်​ဆိုတာ ကျ​နော်​ သိခွင့်​ရလာခဲ့တယ်​။
အရူးတစ်​​ယောက်​က အငြိုးအ​တေးမဲ့ ​ပျော်​ရွှင်​​နေခြင်းဟာလည်း အရူးဘဝမှာ အလှတရားတစ်​ခုပါပဲ။
လူတစ်​​ယောက်​ရဲ့ဘဝမှာ သူ့ဘဝရဲ့ အလှတရားဟာ ဂုဏ်​ဒြပ်​မဟုတ်​ဘူး။ရာထူးစည်းစိမ်​မဟုတ်​ဘူး။ပျော်​ရွှင်​စွာရှင်​သန်​​​နေထိုင်​ခြင်းသာ ဖြစ်​တယ်​ဆိုတာ ကျ​နော်​ တဖြည်းဖြည်း နားလည်​လာ​နေခဲ့တယ်​..
အခုတစ်​ခါ ကျ​နော့ကို ဘဝနဲ့အလှဆိုတဲ့ ​ခေါင်းစဉ်​ကိုများ ​ရေးခိုင်းခဲ့မယ်​ဆိုရင်​ ကျ​နော်​ စာစီစာကုံး​ကောင်း​ကောင်းတစ်​ပုဒ်​ကို ​ရေးနိုင်​​နေပြီဆိုတာ ဆရာသိချင်​မှ သိပါလိမ့်​မယ်​။
images (15).jpeg
Image source
ဆရာ​ပေးတဲ့​ခေါင်းစဉ်​ကို နားလည်​နိုင်​ဖို့အရင်​ကြိုးစားရတာက စာစီစာကုံး​ရေးတာထက်​ ပိုခက်​ခဲ​နေတယ်​ဆိုတာ ဆရာလည်း သိချင်​မှ သိခဲ့ပါလိမ့်​မယ်​။
သူ​ဌေးသူကြွယ်​ကြီးမှ ဘဝရှိတာ မဟုတ်​ အလှရှိတာမဟုတ်​ ​ပျော်​ရွှင်​ခြင်းရှတာမဟုတ်​မဟုတ်​...
လူတိုင်း လူတိုင်းက အလှကိုယ်​စီ ဘဝကိုယ်​စီ ​ပျော်​ရွှင်​မှုကိုယ်​စီနဲ့​လေ။
ဘဝရှိသူတိုင်းအလှရှိတယ်​။ပျော်​ရွှင်​မှုရှိတဲ့ ဘဝတိုင်း အလှတရား ဖြစ်​​နေတယ်လို့ ကျ​နော်​ဆိုချင်​ပါတယ်​။
what-is-life.jpg
Image source

Writter @htetnainglin
Msc 188

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ပျော်ရွှင်တဲ့ဘဝ လှပတဲ့ဘဝ အေးချမ်းတဲ့ဘဝ တွေ ရရှိဖို့အတွက်ဆိုရင်တော့ ငွေကြေးဥစ္စာပြည့်မှုတစ်ခုတည်းနဲ့မရပဲ စိတ်နေစိတ်ထား..အမှားအမှန်ခွဲခြားနိုင်တဲ့ပညာ..သတိတရား စသည်ဖြင့် ဆင်ခြင်ပြီးနေထိုင်မှသာ ရရှိလာနိုင်မှာဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ရည်ရွယ်ချက်ကောင်းသော post လေးဖြစ်ပါတယ်ခင်ဗျာ

·

ဟုတ် ကျေးဇူးပါဗျ

လှပသော ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်

·

ကျေးဇူးပါဗျ

Right
လူတိုင်းမှာအလှကိုယ်​စီ၊ဘ၀ကိုယ်​စီရှိကြပါတယ်​....​ကောင်း​သောပိုစ့်​ပါ

·

ကျေးဇူးပါ

ဘဝတိုင်းက အလှနဲ့..​ကောင်းတယ်​ဗျာ

·

ဟုတ်ကဲ့ပါဗျ

တစ်ကယ့်အလှတရားကို ရှာတွေ့ပါစေဗျာ

ဘဝလှဘို့ စိတ်‌ထားတတ်‌ဘို့ အ‌ရေကြီးပါတယ်‌။

နေတတ်ရင်ကျေနပ်စရာပါဗျာ

·

ဟုတ်ကဲ့ပါဗျ

တင်းတိမ်ရောင့်ရဲပြီး အကောင်း မြင်တတ်ခြင်းဟာလည်း ဘဝအလှပါပဲ

စိတ်ထားလေး တွေ ကောင်းခဲ့ရင် လှပသော ဘဝဆိုတာအမြဲရှိနေမှာ😊😊😊😊

·

ဟုတ်

အင်းပေါ့လေ ခုချိန်များစာစီစာကုန်းရေးခိုင်းကြည့်ပါလား ။

·

ဟီး😁😁😁

စာလုံးရေ နည်းနေပါတယ်ဗျ Pro ရျနိုင်ဖို့ စာပိုက်ထပ်ဖြည့်ပေးပါ ။

·

ဟုတ်

လှပတဲ့ဘဝကပဲဖြစ်ဖြစ် ခက်ခဲတဲ့ဘဝကပဲဖြစ်ဖြစ် ဘဝရယ်လို့ဖြစ်လာရင် ဖြစ်လာရကျိုးနပ်အောင်တော့ အသိဥာဏ်တွေ အားထုတ်မှုတွေနဲ့ ဘဝအမြတ်ကြံအောင် ကြိုးစားနိုင်ရင်အကောင်းဆုံးပါပဲ။

အခုတော့မရေးချင်လည်းရေးနေရပြီ။