ကျနုပ်နှင့် စာရေးခြင်း

3년 전

image
Image source
တစ်​ပတ်​ပြီးတစ်​ပတ်​ စတီးမစ်​ရဲ့ ပရိုပိုစ့်​​ရေးတင်​ရမယ်​ဆို ဘာ​ရေးလို့​ရေးရမှန်းမသိ စဉ်းစား​နေရတယ်​။နေ့စဉ်​ဖြတ်​​သန်း​နေကျ​တွေထဲက နိစ္စဓူဝ​တွေကို စာလုံးပြည့်​ရုံ​ရေးတင်​ဖို့ကလည်း မလွယ်​လှဘူး​လေ..

မြန်​မာ​ရှေးပညာရှင်​တစ်​​ယောက်​​ပြောသလိုပါပဲ။ မင်းတုန်းမင်းရဲ့အတ္ထုပ္ပတ္တိကို ဖတ်​​ကောင်း​အောင်​​ရေးရတာထက်​ ဖ​ယောင်းတိုင်​တစ်​တိုင်​အ​ကြောင်း ဖတ်​​ကောင်း​အောင်​​ရေးရတာက ပိုခက်​တယ်​တဲ့။

ဟုတ်​မယ်​​ဗျ..
မင်းတုန်းမင်းအ​ကြောင်း​ရေးမယ်​ဆိုရင်​ သူ့ရဲ့ငယ်​ဘဝ​တွေ မိဖုရားနဲ့ပတ်​သက်​ဆက်​နွယ်​မှုအ​ကြောင်း​တွေ စီးပွား​ရေး​တွေ စစ်​​ရေး​တွေ နိုင်​ငံတကာနဲ့ ဆက်​ဆံ​ရေး​တွေမှာ မင်းတုန်းမင်းကြီးရဲ့ စီမံခန့်​ခွဲမှု​တွေ သူရှင်​ဘုရင်​ဖြစ်​ဖို့ ကြိုးပမ်းရတာ​တွေ သူ့ရဲ့စိတ်​​နေသ​ဘောထား​တွေ အို..စုံလို့ပါပဲ..။ပြီး​တော့ မင်းတုန်းမင်းအ​ကြောင်း​ရေးထားတဲ့ စာအုပ်​​တွေအများကြီးထဲက ​ကောက်​နုတ်​ပြီးလည်း ​ရေးလို့ရ​သေးတယ်​​လေ..။

အဲ့ဒီ​တော့ မင်းတုန်းမင်းအ​ကြောင်း​ရေးရတာကမှ ​ဖ​ယောင်းတိုင်​တစ်​တိုင်​အ​ကြောင်းဖတ်​​ကောင်း​အောင်​ ​ရေးရတာထက်​ ပိုလွယ်​​နေသလိုပါပဲ။

ဘာ​ကြောင့်​လဲဆို​တော့ ဖ​ယောင်းတိုင်​​လေးတစ်​တိုင်​ကို အ​မှောင်​ထဲမှာ တည်​လိုက်​ပြီး မီး​လေးထွန်းညှိလိုက်​တယ်​။ မီးလင်းသွားတယ်​ဆိုရုံနဲ့ ဖ​ယောင်းတိုင်​အ​ကြောင်းက ပြီးသွားပြီ​လေ။ အဲ့ဒီ​လောက်​နဲ့ ဖတ်​​ကောင်းတဲ့ အ​ကြောင်းအရာတစ်​ခု ဖြစ်​မလာသလို စိတ်​ဝင်​စားစရာအ​ကြောင်းလည်း ဖြစ်​မလာတဲ့ စာ​ရွက်​ပြည့်​ရုံ စာ​ကြောင်းသက်​သက်​​တွေပဲ ဖြစ်​​နေ​တော့ပဲ။

ကျွန်​​တော်​တို့​တွေ စာ​ရေးတာ လွယ်​လွယ်​​လေးလို့ ထင်​​နေကြ​သေးတယ်​။ အခု ကိုယ်​​ရေးရမှ ဘာကို ဦးတည်​လို့​ရေးရမှန်းမသိ ဘယ်​လို​ရေးရမှန်မသိနဲ့ စာ​ရေးရတာဟာ အ​တော်​ဦး​နှောက်​စားမှန်း အခုမှ သိရ​တော့တယ်​​လေ။
တစ်​ခါတ​လေ​တော့ ကျွန်​​တော်​​တွေး​နေမိတယ်​။

ဪ..ဒါ​ကြောင့်​ လူတိုင်း စာ​ရေးဆရာမဖြစ်​နိုင်​ကြတာကိုးလို့။
image
Image source
စာ​ရေးဆရာထဲမှာ​တောင်​မှ လူတိုင်းက စာ​ရေး​ကောင်း​သူ​တွေ ဖြစ်​မ​နေကြဘူး​လေ။ပြီး​တော့ သတ်​ပုံသတ်​ညွှန်း ဝါကျ​တွေ စကား​ပြော​ရေးနည်း​တွေ စကား​ပြေ​ရေးနည်း​တွေ ဘာ​တွေ ညာ​တွေ ဇာတ်​လမ်း​တွေ​ရေးမယ်​ဆိုလည်း ဇာတ်​လမ်းဇာတ်​ကွက်​​တွေ အနိမ့်​​တွေ အမြင့်​​တွေ မြှုပ်​ကွက်​​တွေနဲ့ ​တော်​​တော်​​လေး ရှုပ်​​ထွေးတာပဲ။ကျွန်​​တော်​က​တော့ စာ​ရေးဆရာ​ကောင်းတစ်​​ယောက်​ မဖြစ်​နိုင်​ဘူးလို့ပဲ ထင်​မိတယ်​။

ဟုတ်​တယ်​​လေ
ဒီ စတီးမစ်​ထဲမှာ​တောင်​ ​စာ​ကြောင်း​ဖြောင့်​​အောင်​​လေးက မနည်း​ရေးရတာကို..

ကုန်​ကြမ်းဆိုတာ ဘယ်​​နေရာက​နေ ရှာရမှန်းလည်း မသိနဲ့။ ဒီစတီးမစ်​ရဲ့ ပရိုပိုစ့်​​တောင်​ တစ်​ပတ်​တစ်​ပတ်​ အလျဉ်​မီ​အောင်​​ရေးရတာနဲ့​တောင်​ ဦး​နှောက်​​တွေ ​ပေါက်​ထွက်​​တော့မလို စဉ်းစားရတာနဲ့ စာ​ရေးဆရာသာ လုပ်​စားရမယ်​ဆို ကျွန်​​တော်​ ထမင်းငတ်​မယ်​ဆိုတာ ​သေချာကြီးပါ​ဗျို့....
image
Image source

Writter @htetnainglin
Msc 188

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

5tin ဒီလိုပါဘဲရေးစရာရှာရတာပေါ့

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/

·

Ohhh...no copy

·
·

cheetah မိမှခေတ်မှီတာ ညီရေ

·
·
·

ဟုတ်တယ်အကို😁😁

ကြိုးစားက မင်းဖြစ်နိုင်တယ်😊😊😊😊
fighting.

·

ဟုတ်ပ

ဒီလိုနဲ့ပဲ ခက်ခက်ခဲခဲကျော်ဖြတ်သွားကြတာလို့ ကျွန်တော်ကတော့ ယုံကြည်တယ်ဗျာ။ဘာကြောင့်လဲ ဆိုတော့ မွေးကတည်းက ဘယ်သူမှတတ်လာတာမှမဟုတ်တာ ဒီလိုပဲဆုံးဖြတ်ထားတယ်ဗျာ။ကျွန်တော်တို့ အခက်အခဲကို အတူကြိုးစားကြည့်ကြမယ်ဗျာ။

·

ဟုတ်ကဲ့ ဗျ

ညီက ‌ရေးတတ်‌ပါတယ်‌။ဘာ‌ခေါင်းစဉ်‌မှ မရှိတာ‌တောင်‌ post တစ်‌ခု ဖြစ်‌‌အောင်‌‌ရေးနိုင်‌သားဘဲ။ချ‌ရေးရင်း ချ‌ရေးရင်းနဲ့ စာ‌တွေ များလာပါတယ်‌။ပြိုင်‌ပွဲဝင်‌တာမှ မဟုတ်‌ဘဲ။ ‌ပေါ့‌ပေါ့ပါးပါး ဖြစ်‌တဲ့ အ ‌ကြောင်းအရာ‌တွေ ချ‌ရေး လိုက်‌‌ပေါ့ညီ။အားမ‌လျော့ပါနဲ့။

·

ကျေးဇူးပါဗျ

ခုလို​ရေးတာကိုပိုစ့်​တစ်​ခုဖြစ်​တယ်​​လေ...👍
စာ​ရေးဆရာ​တွေကိုတကယ်​​လေးစားမိပါတယ်​...

·

ဟုတ်

အတွေးလေးတွေကတွေးရင်း စာဆိုတာုဖစ်သွားတာပါပဲလေ 😊😊

·

ဟုတ်တယ်နော်😁

ကြိုးစားရင်ဖြစ်နိုင်ပါတယ်အားမလျော့ပါနှင့်

·

ဟုတ်ကဲ့ပါဗျ

ကိုယ့်ရဲ့ခံစားချက်ကိုရဲရဲဝံ့ဝံ့ရေရဲတာကိုချီးကျုးပါတယ်ဗျာ

·

Thanks par

ကျွန်​​တော်​လည်း ငတ်​​လောက်​တယ်​​ဗျ...😁

·

😁😁😁

တကယ်ပါဗျ တစ်ပတ် တစ်ပတ် မနည်းကို ရေးယူရတယ်

  ·  3년 전

ဒီလိုရေးလိုက်တော့ လဲ ok😊

·

ဟုတ် မတ်မတ်😁

ဟုတ်တယ် ညေးရ မင်းအခုပဲ စာရေးဆရာလုပ်တော့

·

😁😁😁😁

စာရေးဆရာတော့ မသိဘူး စာရေးသူတော့ ဖြစ်အောင်လုပ်နည်းရှိတယ်။

စာများများဖတ်၊ စာများများရေး၊ များများတွေး အဲဒါဆို စာရေးသူ တစ်ယောက်ဖြစ်နိုင်တယ်ဗျာ။