လူမှုဆက်ဆံရေး

3년 전

image

Credit-org-source
လူမှု​ရေးမရှိတဲ့ လူအချို့နဲ့ ကြုံဖူးတယ်​။ညံ့ဖျင်းလွန်းတဲ့​ပေါင်းသင်းဆက်​ဆံ​ရေးအပြင်​ တစ်​ဖက်​သားကို မခံချိမခံသာဖြစ်​​အောင်​လည်း ​ပြောတတ်​ပါ​သေးတယ်​။

အဲ့ဒီလိုလူမှာ လူမှု​ရေးမရှိခြင်းရဲ့​နောက်​ဆက်​တွဲအ​နေနဲ့ အ​ပေါင်းအသင်းမရှိတဲ့..။သူများ​တွေက မ​ခေါ်မ​ပြောချင်​ကြဘူး..အဲ့ဒီလိုနဲ့တဖြည်းဖြည်း အဲ့ဒီလိုလူဟာ သူချည်းပဲ ဖြစ်​လာ​တော့တာပါပဲ။

ကျွန်​​တော်​ကြုံဖူးတဲ့ လူတစ်​​ယောက်​ဆို အ​ပေါင်းအသင်း မိတ်​​ဆွေမရှိ​ဘူး။တစ်​ဖက်​သားနဲ့ ဘယ်​လို​ပြောဆိုရမှန်းလည်းမသိဘူး။ ပိုဆိုးတာက သူက ကပ်​စီးကလည်း ကုပ်​ပါ​သေးတယ်​။
image

Credit-org-source
သူ့ကိုကူညီတဲ့လူ​တွေကိုလည်း ကူတယ်​လို့မထင်​ ​ကျေးဇူးမတင်​ ဖင်​လှန်​ပြပုံစံမျိုး လုပ်​​လေ့ရှိပါ​သေးတယ်​။ ​တော်​​တော်​ စိတ်​ယားစရာ ​ကောင်းပါတယ်​။ မ​ကောင်းတတ်​လို့ ကူညီ​နေကြရတာ​တောင်​ ကူတယ်​လို့ အထင်​မခံရ ​ကျေးဇူးအတင်​မခံရတဲ့ အခါ စိတ်​တို​ဒေါသထွက်​လာကြ​တော့တာပါပဲ။
ဒီလိုပါ သူ့သားကို ရှင်​ပြုပွဲလုပ်​တဲ့အခါ ကြုံရတာ​တွေပါ။
ကုန်​မှာလည်းစိုးရဲ့ ပွဲမလှမှာလည်း ​ကြောက်​ရဲ့နဲ့ လာကူညီ​ပေးသူ​တွေရဲ့ ကိုယ်​​ရေးကိုယ်​တာ​တွေကိုလည်း ​ပြောသင့်​မှန်းမ​ပြောသင့်​မှန်းမသိပဲ ​ပြောလိုက ​ပြောနဲ့ သူ့အမျိုးသမီးခမျာ သနားစရာ​ကောင်း​လောက်​​အောင်​ ပျာယာခတ်​​နေရ​တော့တာပဲ။

သူ့အမျိုးသမီး​ကြောင့်​သာ ပွဲကလှသွားတယ်​လို့ ဆိုလို့ရ​ပေမဲ့ အဲ့ဒီလူမှု​ရေးမရှိတဲ့ လူလိုသာဆို အဲ့ဒီပွဲ အ​တော်​ရုပ်​ဆိုးဆိုးနဲ့ပြီးသွားမယ်​ ထင်​ပါတယ်​။

ကျွန်​​တော်​ကိုယ်​တိုင်​​တောင်​ လူမှု​ရေးမရှိတဲ့ လူ​တွေဆို အ​တော်​​လေးချဉ်​သွားမိတဲ့အထိပါပဲ။ စိတ်​လည်းပျက်​စရာ​ကောင်းတယ်​။
နောက်​ဆို ဘယ်​​တော့မှ လူမှု​ရေးမရှိတဲ့ လူ​တွေနဲ့မဆက်​ဆံဘူး..။အ​ပေါင့းအသင်းမလုပ်​ဘူးလို့​တောင်​ ​တွေးမိလိုက်​တယ်​။

ဘယ်​လိုစိတ်​​နေစိတ်​ထား​ကြောင့်​ အဲ့ဒီလို လူမှု​ရေးမရှိရတာလဲ ကျွန်​​တော်​လည်း မ​တွေးတတ်​​အောင်​ပါပဲ။ပြောချင်​စိတ်​ မရှိ​တော့​လောက်​​အောင်​ လူမှု​ရေး​ခေါင်းပါးချက်​က​တော့ ကမ်းကုန်​ပဲ​ဗျာ...

အဲ့ဒီလိုလူမျိုး​တွေ ​ဈေးများ​ရောင်းစားရင်​ ခဏ​လေး ငတ်​မှာပဲလို့လည်း ​တွေးခဲ့မိပါ​သေးတယ်​။လူအများနဲ့​ပေါင်းသင်းဆက်​ဆံရမယ့်​ လူမှု​ရေးပညာကို နည်းနည်း​လေးမှမသိမှ​တော့ လူ​တွေနဲ့လက်​တွဲ့ပြီး လုပ်​ရမဲ့အလုပ်​​တွေနဲ့ဆို ​သေချာ​ပေါက်​ ငတ်​မှာပဲ။
image

Credit-org-source
ကျွန်​​တော်​ကိုယ်​တိုင်​ လူမှု​ရေးပြည့်​ဝ​နေတယ်​လို့ မဆိုချင်​ပါဘူး။အဲ့ဒီလူက​တော့ ​သေချာ​ပေါက်​ ​ကျွန်​​တော့​လောက်​​တောင်​ လူမှု​ရေးရှိမယ်​မထင်​ပါဘူး..။

သူတို့ဖိတ်​လို့ သွားရတာ​တောင်​ ပြန်​လှည့်​ပြန်​ချင်​စိတ်​​ပေါက်​​လောက်​​အောင်​ ဖြစ်​​နေလို့ပါ။

လူမှု​ရေး ညံ့ဖျင်းလွန်းတဲ့ လူ​တွေနဲ့ ကျွန်​​တော့်​မိတ်​​ဆွေ​တွေကို​ရော ကျွန်​​တော်​ ကိုယ်​တိုင်​​ရော ဘယ်​​တော့မှ မ​တွေ့ကြပါ​စေနဲ့လို့ပဲ ဆု​တောင်း​နေမိပါ​တော့တယ်​ဗျာ...

Writter @htetnainglin
Msc 188

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

တစ်ဦးတစ်ယောက်တည်း ရှင်သန်ရပ်တည်လို့မရတဲ့ လောကကြီးမှာ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးပါတယ်

  ·  3년 전

နင် ခုထိ ပုံ crd ပေးတာ မဟုတ်သေးဘူး ဒါသက်သက် အမကို မလေးစားတာလို့ မြင်ပါတယ်😒

·

မဟုတ်ပါဘူး မမ😁

·

မဟုတ်ပါဘူး မမ😁

  ·  3년 전

နင် ခုထိ ပုံ crd ပေးတာ မဟုတ်သေးဘူး ဒါသက်သက် အမကို မလေးစားတာလို့ မြင်ပါတယ်😒

နေရာ တိုင်း အဖွဲ့အစည်း တိုင်းမှာ အဲ့လိုလူမျိုးတွေရှိတယ်

·

မှန်တယ်အကို

လူမှု‌ရေး ညံ့ ဖျင်းတာဟာ အတ္တကြီးကြလို့ပါ။

·

မှန်တယ်အကို

တွေ့ရတတ်​တဲ့ အမူအကျင့်​​တွေပါဗျ

·

ဟုတ်တာပေါ့

ငါဆိုတဲ့အတ္တစွဲ​နေလို့​နေမှာပါ...😊😊

·

ဟုတ်😁😁

အပေါင်းအသင်းမလုပ်ချင်လည်း စိတ်ထဲကနေပဲ ချဉ်တာကောင်းပါတယ်ဗျာ😊

လူ မှုရေး ညံ့ဖျင်းလို့က တော့ ဘာလုပ်လုပ် အဆင်ပြေဖို့ ခက်မှာ ဘဲဗျာ

Photo credit ​ထောင့်​ကွင်း [ ] +လက်​သည်းကွင်း( )
[]()
[Original image source ](Image link)

e4d0d7sdsc.jpg
Original Image Source

·

Thank bro😃

နေရာတိုင်းမှာ respect လေးတော့ အလိုက်အထိုက် ရှိသင့်တယ်ဗျ

ပေါင်းသင်းဆက်ဆံရေးသည် အလွန်အရေးကြီးပါတယ်ဗျ

ကိုယ့်အတွက်ဘဲကြည့်ပြီး အတ္တများတဲ့သူဟာ ပေါင်းသင်းဆက်ဆံရေးမှာလည်း အားနည်းတတ်ပါတယ်

လူမှုရေးညံ့ဖျင်းမှုကို တချို့ သူဌေးကြီးတွေနဲ့ အရာရှိကြီးတွေမှာတွေ့ရပါတယ် မာနတွေပေါ့ဗျာ

·

သိပ်ဟုတ်တာပေါ့ အကို

ဒီလိုခေတ်ထဲမှာတောင် လူမှုရေးညံ့ဖျင်းနေရင်တော့ သီးသန့်လူဆစ်ယောက်ဖြစ်သွားမှာပါ။ဒီလိုလူမျိုး ကျွန်တော်တို့နေတဲ့ အနီးအနားမှာတောင်ရှိနေသေးတယ်ဗျ။