ကျနော်နဲ့  ဖေ့စဘွတ်

3년 전

images (43).jpeg
image source
ငရဲမင်းသာ မြန်​မာပြည်​ဆင်းလာရင်​ ဘယ်​လို​နေမိမယ်​​တော့မသိ။ ​ဖေ့စဘုတ်​​တွေထဲပလူပျံ ဆက်​ဖီဆွဲကြနဲ့ ငရဲမင်းမျက်​နှာလည်း ရှု့​ထောင်​စုံက​နေ ကမြင်းခံရ​တော့မှာ​တော့ အ​သေချာကြီး။

ဖေ့စဘုတ်​ဆိုတာ အ​ကြောင်းအရာစုံ နဲ့ နာမည်​ကြီးလွယ်​တဲ့​နေရာဆို​တော့ ​ဖေ့စဘုတ်​ကို အသုံပြုပြီး နာမည်​ကြီးချင်​သူ​တွေကလည်း အများသားနဲ့ကိုး​။တကယ်​လည်း နာမည်​ကြီးသွားကြသူ​တွေက ဒုနဲ့​ဒေး..

ဆယ်​လီ​တွေရဲ့ သတင်းဆို ပြန့်​လွယ်​ ပွလွယ်​နဲ့ ​ဖေ့စဘုတ်​က ဖွစရာ​နေရာကြီးကိုဖြစ်​လို့..
သူနဲ့ကိုယ်​နဲ့အမြင်​မတူရင်​ တိုက်​ကြခိုက်​ကြ ရန်​ဖြန်​ကြ ​ပြန်​ဆဲကြ မြန်​မာကားထဲက စရိုက်​ဆန်​တဲ့ရပ်​ကွက်​ထဲ ဝင်​လိုက်​မိတဲ့အတိုင်း..

အချို့ကျ​တော့လည်း ​မျြောက်​လိုက်​ ပင့်​လိုက်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်​ ချီးမွှမ်းခန်း​တွေဖွင့်​ကြနဲ့ ​အဲ့ဒီ​နေရာက လင်​ရချင်​ကြတဲ့ ညီအစ်​မ​တွေ ​ရုပ်​​ချောသ​ဘော​ကောင်း ​ကောင်​​လေးကို မြူဆွယ်​​နေတာနဲ့ တူ​နေပြန်​​ရော..
အခု​ခေတ်​မှာ​တော့ ​ဈေး​တွေဘာ​တွေကို ​ရောင်းကြတဲ့ ​ဖေ့စဘုတ်​​လောကကြီးထဲ ​ရောက်​မိပြန်​​တော့ ​ကြော်​ငြာအား​ကောင်းတဲ့ ​ဟို​မော်​ဒယ်​လ်​နဲ့ သူမရဲ့အင်္ကျီအ​ကြောင်းကို မြင်​​တောင်​​ယောင်​မိပါတယ်​..
images (44).jpeg
Image source
ကြော်​ငြာ​တော့ ဖြူဖြူ​ချော​ချော ​မော်​ဒယ်​လ်​​တွေရဲ့ပုံနဲ့..မှာလိုက်​​တော့လည်း အဲ့ဒီလိုဆိုဒ်​​လေးပို့လိုက်​ ဟိုက ဝတ်​မယ့်​ ပုဂ္ဂိုလ်​က​တော့ မြန်​မာခန္ဓာနဲ့ မြန်​မာကိုယ်​လုံးနဲ့ မြန်​မာမမ​ခြေသလုံး​တွေနဲ့ အတင်းသွပ်​ထည့်​ကြ​လေရဲ့...
စိတ်​ပျက်​ဖို့​ကောင်း...
ဖေ့စဘုတ်​​လောကရဲ့ ဆယ်​လီ​တွေက ​ပြောချင်​ရာ​ပြောကြ ​နောက်​ကလိုက်​တဲ့ပုဂ္ဂိုလ်​​တွေက ​ဟောင်​ချင်​ရာ​ဟောင်​...တစ်​ခါတ​လေ မက်​ဇူကာဘာဂ့်​ကို အပြစ်​တင်​မိ​တာ​တွေ​တောင်​ ဖြစ်​မိတယ်​..
ဒါ​ပေမယ့်​လည်း သူ့​ကြောင့်​သာ ကျွန်​​တော်​တို့ မသိမမြင်​ခဲ့တဲ့ အချို့ကိစ္စ​တွေက ဒီ​ဖေ့စဘုတ်​​ကောင်းမှု​ကြောင့်​ သိခွင့်​ရလာခဲ့ပြန်​​တော့ မက်​ဇူကာဘာဂ့်​ကို ​ကျေးဇူး​တွေအပုံကြီး တင်​​နေမိပြန်​​သေးရဲ့...
အကုသိုလ်​ဖြစ်​လိုက်​ ကုသိုလ်​ဖြစ်​လိုက်​နဲ့ ​ဖေ့စဘုတ်​ဆိုတာကြီးကို စိတ်​ကုန်​လိုက်​ ပြန်​ချစ်​လိုက်​နဲ့ ကျွန်​​တော်​တို့​တွေလည်း ရူးချင်​တိုင်းရူး​နေကြတာ မက်​ဇူကာဘာဂ့်​ကြီးက​တော့ ​ငွေပုံကြီး​ပေါ်မှာ ထိုင်​လို့ ကျွန်​​တော်​တို့ကိုများ ကြည့်​​နေသလား မ​ပြောတတ်​​တော့​လေဘူးဗျာ....

Writter @htetnainglin
Msc 188

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

Fbမှာ​ပျော်​စရာပိုစ့်​​တွေနှင့်​ဗဟုသုတရစရာ၊အလှအပ​တွေဘဲကြည့်​​တော့တယ်​...အဆိပ်​အ​တောက်​ဖြစ်​​စေမဲ့ပိုစ့်​ဆိုဖတ်​ကိုမဖတ်​​တော့ဘူး....

·

ကောင်းပါတယ် အမ

အာ့ဆို ရင် Facebook မသုံးနဲ့တော့ဗျာ

ဟီး

·

မသုံးဘဲမနေနိုင်ဘူး😁

fbကို လူအများစုက တလွဲသုံးနေကြတယ်။အမှန်တကယ်သာ အကျိုးရှိရှိသုံးမယ်ဆို သင်စရာပညာတွေအများကြီးစုဝေးတဲ့အရာပါ

·

ဟုတ်တယ် အကို

Facebookမှာ cm‌ဖျောက်‌လိုက်‌ရင်‌ပြီးပြီ။

·

ဟုတ်

သူလည်း မရှိမကောင်း ရှိမကောင်းပဲဗျာ 😂😂

·

ဟုတ်တာပေါ့ ဗျ

တခါတလေပဲဖွင့်တော့တယ်

ဖေ့ဘုတ်က မသုံးတတ်ရင်အန္တရာယ်ပါ

မသုံးတပ်​ရင်​​ဘေးသုံးတပ်​ရင်​​ဆေး ဆိုတာလို​ပေါ့ဗျာ

·

သတိထားရမှာ

သူမရှိ​တော့ ပျင်းမိတယ်

·

ဟုတ်တယ်အမရေ

လူမျိုးစုံ စရိုက်မျိုးစုံ ပုံစံမျိုးစုံ အကုန် facebook ပေါ်မှာရှိနေကြတာပါ။ဒါကြောင့် ခံယူသူမိမိ၏အပေါ်တွင်မူတည်ပြီး အသုံးပြုကြရမှာပေါ့ခင်ဗျာ။ရည်ရွယ်ချက်ကောင်းမွန်သော post တစ်ခုဖြစ်ပါတယ်ခင်ဗျာ

·

ဟုတ်ကဲ့ ပါဗျ