World Cup

4년 전

ကမ္ဘာ​ပေါ်မှာ လူကြိုက်​အများဆုံး၊ အထင်​ရှားဆုံး၊ အ​အောင်​မြင်​ဆုံး​သော အားကစားနည်းတစ်​ခုကို ​ပြပါဆိုလျှင်​ ကျွန်​​တော်​က​တော့ ​ဘောလုံးပွဲ (soccer) အားကစားနည်းကိုသာ ​ညွှန်​ပြလိုပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ​ဘောလုံးကစားနည်းဟာ အချိန်​​နေရာမ​ရွေး၊ အသက်​အရွယ်​ ကျား၊ မ မ​ရွေး​ဆော့ကစားနိုင်​ခြင်း၊ အသင်းလိုက်​ကစားရ​သော ကစားနည်းဖြစ်​တာ​ကြောင့်​ စည်းလုံးညီညွတ်​ခြင်း၊ တစ်​သင်းနဲ့တစ်​သင်း ယှဉ်​ပြိုင်​အနိုင်​ရလိုစိတ်​ပြင်းထန်​ခြင်း၊ ဆု​ပေး ဒဏ်​​ပေး စနစ်​များနှင့်​ တရားမျှတစွာ စနစ်တကျ​ဖွဲ့စည်းထား​သော ကစားနည်းဖြစ်​ခြင်း စသည်တို့​ကြောင့်​ ​ဘောလုံးကစားနည်းဟာ အခြားအားကစားနည်း​တွေထက်​ ပိုမို​အောင်​မြင်​ပြီး လူကြိုက်​များရခြင်းဖြစ်​ပါတယ်​။

ဘောလုံးကစားနည်း​တွေထဲမှာ ဖူဆယ်​​ဘောလုံးကစားနည်း၊ သဲ​သောင်​ပြင်​​ဘောလုံးကစားနည်း၊ small goal ဂိုးကျဉ်း ကစားနည်း တို့လည်းရှိကြပြီး လူကြိုက်အ​များဆုံးကစားနည်းက​တော့ မြက်​ခင်းစိမ်းများ​ပေါ်တွင်​ တဖက်​ ဆယ်​တစ်​​ယောက်​စီပါဝင်​ ယှဉ်​ပြိုင်​ကစားရ​သော ကစားနည်းပင်ြ​ဖစ်​ပါသည်​။

ထိုမြက်​ခင်းစိမ်းများ​ပေါ်မှ ​ဘောလုံးပြိုင်​ပွဲများကို ကမ္ဘာနိုင်​ငံအသီးသီးမှာ ယှဉ်ပြိုင်ကစား​​​ကြပြီး ပိုမို​​ထင်ရှား​ကျော်​ကြား​သော ပြိုင်​ပွဲများမှာ ဥ​ရောပနိုင်​ငံများမှ ​ဘောလုံးပြိုင်​ပွဲများ ဖြစ်​ကြပါသည်​။ ဥ​ရောပနိုင်​ငံများဟာ အခြား​သောကမ္ဘာ့နိုင်​ငံများထက်​ ​ဘောလုံးကစားနည်းများကို ကျွမ်းကျင်​ပိုင်​နိုင်​စွာ ကစားနည်းနိုင်​ကြပြီး ​ဘောလုံးသမား​ကောင်းများစွာကိုလည်း အစဉ်​​မွေးထုတ်​​ပေးလျက်​ရှိပါသည်​။

Soccer (​ဘောလုံးပြိုင်​ပွဲ)များတွင်​ ပြည်တွင်း​​လိဂ်​ပြိုင်​ပွဲများ၊ နိုင်​ငံအလိုက်​ပြိုင်​ပွဲများ၊ ဖလားလုပွဲများစွာရှိသည့်​အနက်​ အဆင့်​အတန်းအမြင့်​မားဆုံးနှင့်​ ဂုဏ်​သိက္ခာအရှိဆုံးပြိုင်​ပွဲမှာ ယ္ခု ရုရှားနိုင်​ငံတွင်​ ယှဉ်​ပြိုင်​ကစား​နေကြ​သော ​လေးနှစ်​မှ တစ်​ကြိမ်​ကျင်းပပြု​လုပ်​​သည့်​ " World Cup " ကမ္ဘာဖလားပြိုင်​ပွဲ ဖြစ်​ပါသည်​။ ကမ္ဘာ့ဖလားပြိုင်​ပွဲများတွင်​ နိုင်​ငံကိုယ်​စားပြုအသင်း ၃၂သင်းအထိ ပါဝင်​ကစားကြပြီး အပြင်းထန်​ဆုံး ပြိုင်​ပွဲများအဖြစ်​ လူသိများကြပါတယ်​။ ယ္ခု ရုရှားနိုင်​ငံတွင်​ ကမ္ဘာ့ဖလားပြိုင်​ပွဲကြီးကို ဇွန်​လ ၁၄ရက်​မှ ဇူလိုင်​လ ၁၅ရက်​ တစ်​လထိထိ လက်​ခံကျင်းပသွားမှာဖြစ်​ပြီး ဘရာဇီးအသင်း​က​တော့ ဗိုလ်​စွဲဖို့အတွက်​ ​ရေပန်းအစားဆုံးအသင်းအဖြစ်​ရပ်​တည်​​နေပါတယ်​။ ကျွန်​တော်​က​တော့ ​​ပေါ်တူဂီအသင်းကို ဖလားရ​စေချင်​ပါတယ်​။ မိတ်​​ဆွေတို့​ကော ဘယ်​သင်းကို အား​ပေးမှာလဲဆိုတာ commentမှာ​ရေသွားပါအုံး​နော်​.....။

အားလုံးကို​လေးစားလျက်​ ​ရေးသားသူ Jhon
MSC-046
Photo By Google ImageFB_IMG_1528865076445.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ဟီး...မသိဘူး။ဘောပွဲမကြည့်ဖြစ်လို့။

ပြင်သစ်ဗျာ

·
·
·

ပြင်​သစ်​လည်း အ​တော်​ကို​ကောင်းပါတယ်

ပြင်သစ်ကကောင်းတယ်ကြိုက်တယ်

·

ဟုတ်​ကဲ့ဦး

·
·

ပြင်​သစ်​လည်း ဗိုလ်​လုပွဲအထိ​တော့သွားမယ်​ထင်​ပါတယ်

အစောပွဲတွေပဲကြည့်ဖြစ်တော့ သေချာတော့မသိဘူး

·

ညည့်​နက်​ပိုင်းပွဲ​တွေက ပိုမိုက်​တာ

ဘောပွဲ​တော့ ဝါသနာပါဘူး၊ အား​တော့​ပေးတယ်​😃

·

ဟုတ်​ကဲ့.....။
လူတိုင်း ဝါသနာခြင်း​တော့ဘယ်​တူပါ့မလဲ။

ဂျာမနီပါဗျ

·

Good luck

·
·

ဒီနှစ်​ ဂျာမနီ ချန်​ပီယံဆု ဆက်​ထိန်းထားနိုင်​မလားဆိုတာ ​စောင့်​ကြည့်​ရပါအုံးမယ်

😁ဘောလုံးပွဲက ကြည့်ဖြစ်ဘူး ဖြစ်နေလို့ ဘယ်သင်း ကောင်းတုန်း😁

·

အကုန်​​ကောင်းကြပါတယ်

ကျနော်တော့ မမှန်းတက်ဘူး
ရတဲ့အသင်းက ရမယ်လို့ထင်တယ်😂😂

ငယ်ငယ်တုန်းကတော့ ဘောလုံးကန်တယ် ခုအသက်ကြီးလာတော့ မကန်ဖြစ်တော့ပါဘူးဗျာ

ဥရုဂွေးဗျာ

မမှန်းတတ်​ပါ

မန်ယူပဲသိတယ် ဟီး

အကြိုက်​ဆုံး​ပေါ့ဗျာ