Steemit နှင့် အရှေ့တောင်အာရှ ( Henry Aung )

지난달

01.jpeg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Quantum Computer နှင့် Robot စက်ရုပ်တို့အကြောင်း ရေးသားရန် စိတ်ကူးထားသော်လည်း အဘယ်ကြောင့်မှန်းမသိ ဆက်လက်ရေးသားရန် စိတ်မဝင်စားတော့ပါ။ ပျင်းပျင်း ရှိသည်နှင့် Cryptocurrency တို့အကြောင်း ရှာဖွေလှန်လှော် ကြည့်ရှုနေခဲ့ရာ Steem စျေး မသိမသာ တက်လာနေကြောင်း တွေ့ရပါသည်။

ယခင်က Steem စျေးတက်လာလျင် Steem - KRW သို့မဟုတ် Steem - BTC တို့ကြောင့် စျေးတက်နေကျ ဖြစ်ပါသည်။ သို့သော် ယနေ့ စျေးကွက်မှာ Huobi Global တွင် Steem - USDT ဖြင့် စျေးတက်နေခြင်း ဖြစ်ပါသည်။ အမှန်ဆိုရလျင် Steem စျေးကွက်မှာ Exchanges တခုစီတွင် ဒေါ်လာ သန်းကျော် မရှိသည်မှာ အတော်ကြာသွားခဲ့ပြီ ဖြစ်ပါသည်။

Steem စျေးကွက် ရှင်သန်နေစေရန် အဓိက စျေးကစားပေးနေကြသူတို့မှာ ကိုရီးယား စျေးကွက်တွင် ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် Steem စျေးကွက်အနေဖြင့် အနည်းငယ်ကျေနပ်စရာကောင်းသည်မှာ ဥရောပ စျေးကွက်နှင့် အရှေ့တောင်အာရှ စျေးကွက် သို့ ထိုးဖေါက်ဝင်ရောက်လာခြင်း ဖြစ်ပါသည်။

Bitvavo Exchange Site တွင် Steem အား Eur ဖြင့် တိုက်ရိုက်ဝယ်ရောင်း နိုင်သလို VCC Exchange တွင် မကြာခင် ဗီယက်နမ် ဒေါင်ဖြင့် Steem အား ဝယ်ယူနိုင်တော့မည် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် Singapore အခြစိုက် CoinHako Exchanges site တွင် Steem နှင့် SGD စင်္ကပူဒေါ်လာ တိုက်ရိုက်ဝယ်ရောင်း နိုင်စေရန် CoinHako team သို့ စာရေးသားဖူးပါသည်။

စင်္ကပူ နိုင်ငံတွင် Steem အား စိတ်ဝင်စားသူ နည်းပါးလွန်းသည့် အပြင် Steemit ကိုယ်တိုင်ကလည်း အောင်မြင်မည့် အလားအလာ နည်းပါးလွန်းသည်ဟု ထင်မြင်ကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။ မှန်ပါသည် ။ Steem အနေဖြင့် စျေးအကျ တွင် ယနေ့တိုင် နာလန်ပြန်ထူလာသည့် အနေအထား မတွေ့ရသေးပါ။ ပို၍ မဆိုးဝါးသွားစေရန်သာ ကြိုးစားရုန်းကန်နေရဆဲဖြစ်ပါသည်။

ယခင်က စင်္ကပူတွင် Steemit အား စိတ်ဝင်စားသူ အတော်အသင့်ရှိခဲ့သော်လည်း မြန်မာနိုင်ငံနည်းတူ Steem စျေးအကျတွင် လုံးဝပျောက်ကွယ်သွားခဲ့ကြပါသည်။ မြန်မာ ၊ စင်္ကပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ အာချေးပြည်နယ် အားလုံးနီးပါး Steemit တွင် မရှိသလောက်နည်းပါးသွားခဲ့ပြီ ဖြစ်ပါသည်။

သေချာသည် တခုကတော့ Steemit တွင်ကျန်ရှိနေခဲ့ကြသူတို့မှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားကြသူများသာ ဖြစ်ကြောင်း ယုံမှားသံသယ ရှိစရာမလိုပါ။ ထိုသူများ ကြောင့်လည်း Steemit သည် ယနေ့အထိ ရှင်သန်နေခြင်း ဖြစ်ပါသည်။ကျွန်တော် ယခင်က ရေးသားဖူးသည့် အတိုင်း Steemit က သူ့အလုပ် သူလုပ်နေသရွေ့ ကျွန်တော်တို့ကလည်း ကိုယ့် အလုပ်ကိုယ်လုပ်နေရုံသာ ဖြစ်ပါသည်။ အချိန်ကအဖြေပေးသွားပါလိမ့်မည်။

02.png
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

မှန်တာပေါ့ဗျာ steemit က သူ့အလုပ်သူလုပ်
ကျနော်တို့က ကျွန်တော်တို့အလုပ် လုပ်ကြတာပေါ့

·

သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် အချိန်တန်ရင် Steem စျေးတက်လာဖို့သာ အရေးကြီးတယ်။

သူ့အလုပ် သူ‌လုပ်နေသမျှ ကိုယ့်အလုပ် ကိုယ်လုပ်နေတော့
SP တွေ တိုးပွားလာပြီပေါ့ဗျာ

Posted using Partiko Android

·

Steem Power တိုးပွားဖို့က အရေးကြီးဆုံးပါ။