ဒုက္ခများနဲ့ကျွန်တော်

3년 전

IMG_20180722_122425.jpg[photo]
အားလုံးပဲမဂ်လာပါဗျာ။ ကျွန်တော်postနှစ်ပတ်မတင်ဖြစ်ဘူး။ SBDဈေးကျလို့မတင်တာမဟုတ်ပါဘူး။ phoneရေစိုပြီး ဟန်းသွားလို့နဲ့ ရေကြီးပြီးဘယ်လိုမှ မအားတာကြောင့် မတင်ဖြစ်တာပါ။ အခုလည်းရေကမကျသေးဘူး။ လပြည့်ရေစောင့်နေတယ်လို့ထင်တာပဲ။ အိမ်ဆိုင်ကဖွင့်ထားတော့ ရေတက်ရင်အရမ်းဒုက္ခရောက်တယ်ဗျ။ ကျောင်းတက်နေတဲ့ကလေးတွေရဲ့ဝေယျာဝစ္စ ဈေးဆိုင်အလုပ် စက်ရုံအလုပ်နဲ့အားလပ်ချိန်ကမရှိသလောက်ပါပဲ။ ပိတ်ရက်မှာနည်းနည်းအားတုံး postရေးဖြစ်တာနဲ့တင်လိုက်တာပါ။ ကျွန်တော်ရေးမဲ့အကြောင်းရာက ရှေးpostတွေလိုပါပဲ။ သံဝေဂကိုအရင်းတည်တဲ့postပါ။ ကျွန်တော်ဖြတ်သန်းလာရတဲ့ အတွေ့ကြုံအရဆိုရင် သံဝေဂရနိုင်တဲ့အခြေနေ(၃)ခုရှိပါတယ်။
၁။ တရားနာခြင်းမှ ရရှိသောသံဝေဂ
၂။ မိမိကိုယ်တိုင်ခံစားရခြင်းမှရရှိသောသံဝေဂ
၃။ မိမိကိုယ်တိုင် ခံစားခြင်းနဲ့ တရားတော်ပါအကြောင်းရာတို့ ထပ်တူကျခြင်းမှ ရှိသော သံဝေဂ တို့ပဲဖြစ်ပါတယ်။
FB_IMG_1532239203768.jpgcrd-org-source
၁။တရားနာခြင်းမှရှိသောသံဝေဂ
တရားတစ်ပုဒ်ကိုနာနေတဲ့အချိန် တရားပါအကြောင်းရာများဟာ သံဝေဂကိုရရှိစေနိုင်တဲ့အချက်လက်တွေပါနေပြီဆိုရင် အဲဒီနာတဲ့သူ သံဝေဂရနိုင်ပါတယ်။ တရားပွဲတွေ
TV channelတွေ onlineတွေပေါ်မှာ သံဝေဂရနိုင်မဲ့ တရားတွေအများကြီးပါ။ အလွယ်ဆုံးကတော့ onlineကပါ။ ကိုယ်နာချင်တဲ့အချိန်နာချင်တဲ့တရားကို onlineမှာ mp3 ပဲဖြစ်ဖြစ်mp4ပဲဖြစ်ဖြစ် တိုက်ရိုက်သော်ဌင်း download ဆွဲ၍သော်ဌင်း နာနိုင်ပါတယ်။ ဥပမာ www.dhamma download.com စသည်ဖြင့် browcer ထဲဝင်ပြီးမိမိနာယူလိုသည့် တရားကိုရွှေးချယ်နာယူနိုင်ပါတယ်။
၂။ မိမိကိုယ်တိုင်ခံစားရခြင်းမှရရှိသောသံဝေဂ
အသက်အရွယ်ရလာသော လူတော်တော်များများဟာ
ဘဝမှာ ထိခိုက်နာကျင်မှုအဖြစ်အပျက်တွေ အနည်းနဲ့အများ ခံစားကြရပါတယ်။ တချို့ ကြတော့ဒီခံစားမှုအပေါ်မှ သံဝေဂရပြီး အကောင်းဘက်( တရားဘက်)ကိုရောက်သွားသူများရှိသလို တော်တော်များများကတော့ အဆိုးဘက်မှာပဲဆက်ရှိနေကြပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင်သဲအင်းဆရာတော်ဘုရားကြီးဆိုရင် ဘဝတစ်လျောက်လုံး ဓားပြလုပ်ခဲ့ပြီး အချင်းချင်းမသင့်မြတ်ရာကနေ ဓားနဲ့အခုတ်ခံရကာနေ သံဝေဂတရားတွေရသွားခဲ့ရတာပါ။ အဲဒီသံဝေဂကနေအရင်းပြုပြီး တရားအားထုတ်ရာမှ
၂၈ လအကြာမှာ ရဟန်းကိစ္စပြီးခဲ့ရပါတယ်။ဒါက မိမိ
လက်တွေ့ခံစားရာကနေ သံဝေဂရပုံပါ။
FB_IMG_1532239274241.jpg
crd-org-source
၃။မိမိကိုယ်တိုင် ခံစားခြင်းနဲ့ တရားတော်ပါအကြောင်းရာတို့ ထပ်တူကျခြင်းမှရ ရှိသော သံဝေဂ
ဒီသံဝေဂကတော့ ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရတဲ့
သံဝေဂပါ။ ကျွန်တော် လွန်ခဲ့တဲ့ခုနှစ်လောက်တုံးက
အလွန်းပြင်းတဲ့စိတ်ဆင်းရဲမှုဒါဏ်ကို ခံစားခဲ့ရဖူးပါတယ်။ အဲဒီအချိန်က ဝိပသနာအကြောင်းကို လုံးဝမသိခဲ့ပါဘူး။ ကျွန်တော်စိတ်ဆင်းရဲနေတာကို ကျွန်တော်နဲ့အနေနီးတဲ့ ဝန်ထမ်း ထွန်းထွန်းဆိုတဲ့ သူက ကျွန်တော့်ကို"အစ်ကို ဒီလောက်စိတ်ဆင်းရဲနေရင် ကျွန်တော့်မှာ စာအုပ်တစ်အုပ်ရှိတယ်( မဂ်တားဖိုလ်တား အန္တရာယ်များ) တဲ့ ဆရာတော်ဦးဇဝနရေးတာ" ဆိုပြီးပေးပါတယ်။ အဲဒီစာအုပ်ကို ကျွန်တော်အစအဆုံးဖတ်ပြီးတဲ့အခါ ကျွန်တော်စိတ်တွေတော်တော်အေးချမ်းသွားတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီစာအုပ်ပါအကြောင်းရာများအတိုင်း အခွေရှိမှာပဲလိွုှ့ာတဲ့အခါ ဆရာတော်ဦးဇဝနတရားခွေmp3 ပေါင်းချုပ်ထဲကနေ
ရခဲ့ပါတယ်။ တရားအားလုံး၁၄ပုဒ်ပါ။ အဲဒီတရား၁၄ပုဒ်ကို ထပ်ခါထပ်ခါနာရင်းနဲ့ကျွန်တော်စိတ်တွေ ငြိမ်းချမ်းလာတယ်။ အမှန်တရားကိုမြင်လာတယ်။ဝိဇ္ဇာဥာဏ်အသိပေါ့ဗျာ။ ကျွန်တော်ခံစားရတဲ့ အကြောင်းနဲ့တရားတော်ပါအချက်လက်တွေတိုက်ဆိုင်ရင်းနဲ့မှ သံဝေဂရခဲ့ရပါတယ်။
အချုပ်အားဖြင့် ကျွန်တော့်အတွက်တော့ တရားလုပ်ချင်စိတ် ကျင့်ကြံချင်စိတ်ဟာသံဝေဂရတော့မှ ဖြစ်ပေါ်လာတာပါ။ ခလုတ်ထိမှအမိတပေါ့ဗျာ။ steemitအဖွဲ့ထဲမှာကော
သံဝေဂရတဲ့သူများပါသေးလားဗျ ။သံဝေဂမရပဲ တရားကို ကျင့်ကြံနေတဲ့သူကောပါပါသလားလို့မေးရင်းနိဂုံးချုပ်လိုက်ရပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

တရား‌ရေ‌အေးဟာ အပူအားလုံးကိုငြိမ်း‌အေး‌စေတာကို အစ်‌ကို့ လက်‌‌တွေနဲ့‌ဖော်‌ ပြ‌ပေးတဲ့အတွက်‌ ဖတ်‌ရတာ အားတက်‌‌စေပါတယ်‌အစ်‌ကို။

·

အားတက်တာသိရတော့ ဝမ်းသာပါတယ်ကျေးဇူးပါ

Congratulations @mgmglattt! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

ကျွန်တော်နှင့် ဒုက္ခသစ္စာလို့ သာအမည်တပ်ပေးလိုက်တော့ဆရာရေ

·

အေးပါ

သံဝေဂ ရစရာ အကြောင်း ၃ မျိုးနှင့်တကွ မိမိကိုယ်တိုင် သံဝေဂကို ဘယ်လိုပုံရခဲ့တယ်ဆိုတာ ရှင်းပြထားတာ ပေါ်လွင်ထိမိပြီး မှတ်သားစရာကောင်းပါတယ်။ကိုထွန်းထွန်းက မိတ်ဆွေကောင်းပါ။ဒီလိုလေးတွေ တင်ပေးနေတာ တရားအသိတွေ အများကြီးပိုရလာမှာဖြစ်တဲ့အတွက် စာရေးသူရောစာဖတ်သူအတွက်ပါ ကုသိုလ်တိုးပွားပြီး အကျိုးရှိစေတယ်လို့ ထင်မြင်မိပါတယ်အစ်ကို။ကောင်းမွန်သော postလေးတစ်ခုပါခင်ဗျာ

·

ကိုယ်တွေ့မှတ်တမ်းအား သေချာဖတ်ပေးလို့ကျေးဇူးပါ

ရေကြီးတဲ့္ခဒုက္ခက​တော့ ကိုယ်​တိုင်​ခံရဘူး​တော့ ကို်ယ်​ချင်း စာမိတယ်
ဗျာ

·

ဘာကြောင့်လဲမသိဘူး
အတုံးလေးတွေပဲမြင်ရတယ်

တရား စာအုပ်တွေဖတ်ရင်း တရားနာရင်းနဲ့ သံဝေဂ ရမိပါတယ် ဆရာ 😊

·

okပါဗျာ
ကုသိုလ်တွေအများကြီးရသွားပြီပေါ့

ကိုယ်​​တွေ့အ​ကြောင်းအရာများနှင့်​ယှဉ်​၍​ရေးသားတာအရမ်း​ကောင်းပါတယ်​...ခုလို​ဝေမျှ​ပေးလို့​ကျေးဇူးပါ...ခလုတ်​ထိမှအမိတယ်​ဆိုတာတကယ်​အမှန်​ဘဲ...

·

thank you for your reading

ရေက ဘယ်မှာကြီးနေတာလဲရှင့်

·

ပဲခူးပါ
အများကြီးတော့မဟုတ်ပါဘူးနှစ်ပေလောက်ပါ

သံဝေဂ အခုထိတော့ရနေဆဲပါပဲ ဒီနေ့မနေ့ကကြာင်းတွေးရင်းသြော် သံဝေဂရတယ်။ ခက်တာက ကြာပါဘူးမေ့မေ့သွားတာပဲ 😁😁😁😁
MSC No မပါတာ ပြင်လိုက်ပါဦး

ရေးသူ
MSC No.
မပါဘူးဖြစ်နေတယ် ပြင်လိုက်ပါဦး

ဟုတ်ပါ့ အစ်ကိုရေ ညီမဆိုရင်လည်း ခလုတ်ထိမှ အမိတ တယ်။ ပြီးတော့ အနာပျောက်သွားတော့လည်း မေ့မေ့လျော့လျော့ဖြစ်နေတာနဲ့ကို သံသရာတွေ လည်နေတာ ။

Congratulations @mgmglattt! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

You got a 3.24% upvote from @emperorofnaps courtesy of @mgmglattt!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!