တနေ့တာ

3년 전

ကျွန်တော်တို့မနက်မိုးလင်းကနေ မိုးချုပ်အထိ ကောင်းမှုမကောင်းမှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မကောင်းမှုတွေကပိုနေတယ်ဆိုတာကိုကျွန်တော်တို့အားလုံး သတိမပြုမိကြဘူးဖြစ်နေကြပါတယ်။ လောဘ ဒေါသ မောဟတွေကြားထဲမှာ နေနေကြတယ်ဆိုတာကို မသိကျိုးကျွန်ပြုနေသူတွေများ သိသိကြီးနဲ့ကျုးလွန်နေသူများ လုံးဝမသိလို့ကျုးလွန်နေသူများရယ်လို့ အများကြီးတွေ့နေရပါတယ်။မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဆုံမစကားများစွာထဲက တစ်ခုကိုဖော်ပြချင်ပါတယ်။
"ပုထုဇဉ်များ မနက်မိုးလင်းတာနဲ့ မျက်လုံးလေးဖွင်ကြည့်မိမှာကို အရမ်းသနားမိပါတယ်"။စကားလုံးတွေက များများစားစားမပါပါဘူး။ဒါပေမဲ့အဓိပ္ပါယ်က အရမ်းကိုကျယ်ဝန်းပါတယ်။ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ထဲမှာ ဝိပသနာတရားတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘုရားရှင်လက်ထက်မှာလူဖြစ်ကြတဲ့ အဂ္ဂသာဝက မဟာသာဝကတွေဆိုရင်တော့ သောတပန်ကြီး အနာဂန်ကြီး သက္ကတဂန်ကြီးတွေဖြစ်သွားနိုင်ပါတယ်။လက်ရှိခေတ်မှာရှိတဲ့ လူတွေကတော့ ပကတိသာဝကတွေဖြစ်တဲ့အတွက် တရားများများနာပြီး များများကျင့်ကြံနိုင်ပါမှတရားရနိုင်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီခေတ်မှာကိလေသကထူပြောလှတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ကိလေသထုထည်ကြီးဟာ ကြီမားလွန်းတဲ့အတွက် ၎င်းကိုခြေဖျက်ဖြစ်ဖို့ဆိုတာပြင်းထန်တဲ့လုံးလ ဝီရိယတွေနဲ့ ကျင့်ကြံနိုင်ပါမှ တရားထူးတရားမြတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
image
crd-org-source
လောကကြီးမှာ လူဖြစ်လာပြီဆိုရင် သူတစ်ပါးကိုစိတ်ယုတ်မာမမွေးဘူး သီလလည်းလုံခြုံမယ် စိတ်ထားကိုဖြူစင်အောင်ဆိုရင် အကုသိုလ်မဖြစ်တော့ဘူးလို့ ထင်နေကြပါတယ်။အမှန်ကိုမမြင်ရင်တော့ အကုသိုလ်ဖြစ်နေကြမှာပါပဲ။မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း အဲဒီအမှန်ကိုမမြင်တာကိုပဲ ဆိုလိုတာပါ။ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားကိုရှင်းရမယ်ဆိုရင် မျက်စိနဲ့အဆင်းတိုက်ပြီး မြင်စိတ်ဖြစ်လာပါတယ်။အဲဒီမြင်စိတ်ကနေ ကိုယ်ကြိုက်နှစ်သက်တဲ့စိတ်ကလေးဖြစ်ပေါ်သွားရင်လောဘစိတ်ဖြစ်သွားပါတယ်။ မနှစ်သက်တဲ့စိတ်ဖြစ်လာရင် ဒေါသစိတ်ဖြစ်သွားပါတယ်။ ကိုယ်ကြားလိုက်တဲ့အသံကိုနှစ်သက်တယ်လည်းမဟုတ် မနှစ်သက်တယ်လည်းမဟုတ်ဆိုရင် မောဟစိတ်ဖြစ်သွားပြန်ရော။ လောဘ ဒေါသ မောဟဆိုတာ အကုသိုလ်စိတ်ပါ။ သီလကျိုးတာလဲမဟုတ် သူတပါးကိုမနာလိုခြင်းလည်းမရှိ စိတ်ယုတ်မာမွေးခြင်းမရှိပါပဲ အထက်ဖေါ်ပြပါအတိုင်းအကုသိုလ်ဖြစ်သွားတာကိုသိစေချင်တာပါ။ ဒီအတိုင်းပဲကျန်တဲ့ဒွာရငါးပေါက်ကနေအကုသိုလ်ဖြစ်သွားတာကို ဆက်လက်ဖေါ်ပြချင်ပါတယ်။ နားစည်နဲ့အသံရုပ်နဲ့တိုက်ပြီး ကြားသိစိတ်ဖြစ်လာပါတယ်။ နှစ်သက်တဲ့အသံဆိုရင် လောဘစိတ် မနှစ်သက်တဲ့အသံဆိုရင် ဒေါသစိတ် နှစ်သက်သည်မဟုတ်မနှစ်သက်သည်မဟုတ်ဆိုရင်မောဟစိတ်ဖြစ်သွားပါတယ်။ဒါကအကြားအာရုံကဖြစ်တဲ့ အကုသိုလ်စိတ်ပါ။ နှာခေါင်းမှာရှိတဲ့ အကြည်ရုပ်နဲ့ အနံ့ရုပ်တို့ထိတွေ့တဲ့အခါ နံသိစိတ်ကိုဖြစ်ပေါ်စေပါတယ်။ အဲဒီအနံ့အပေါ်မှာနှစ်သက်ရင်လောဘစိတ် မနှစ်သက်ရင်ဒေါသစိတ်နှစ်သက်သည်မဟုတ် မနှစ်သက်သည်မဟုတ်ဆိုရင်မောဟစိတ်ဖြစ်သွားပါတယ်။ဒါကနံသိစိတ်ကဖြစ်သွားတဲ့ အကုသိုလ်စိတ်ပါ။လျာမှာရှိတဲ့ အရသာခံတဲ့အကြည်ရုပ်နဲ့ အရသာရုပ်တို့ ထိတွေ့တဲ့အခါ အရသာခံတဲ့စိတ်လေးဖြစ်လာပါတယ်။ အဲဒီအရသာစိတ်လေးမှာ နှစ်သက်ရင်လောဘစိတ်မနှစ်သက်ရင်ဒေါသစိတ် နှစ်သက်သည်မဟုတ် မနှစ်သက်သည်မဟုတ်ဆို မောဟစိတ်ဖြစ်သွားပါတယ်။ဒါကတော့ လျာကနေဖြစ်သွားတဲ့ အကုသိုလ်စိတ်ပါ။ ခန္ဓာကိုယ်နဲအတွေ့အထိတစ်ခုခုထိတွေ့မိတဲ့အခါ ထိစိစိတ်ဖြစ်ပေါ်ပါတယ်။အဲဒီထိသိစိတ်မပေါ်မှာ နှစ်သက်ရင်လောဘစိတ် မနှစ်သက်ရင်ဒေါသစိတ် နှစ်သက်သည်မဟုတ်မနှစ်သက်သည် မဟုတ်ဆိုရင်
မောဟစိတ်ဖြစ်သွားပါတယ်။ ဒါကတော့ ထိသိစိတ်ကြောင့်ဖြစ်သွားတဲ့ အကုသိုလ်စိတ်ပါ။ ကျွန်တော်တို့ရင်ထဲမှာရှိတဲ့မနောအကြည်နဲ့ အတွေးလေးတစ်ခုထိတွေ့တဲ့အခါ တွေးသိစိတ်လေးတစ်ခုဖြစ်သွားပါတယ်။ အဲဒီတွေးသိစိတ်မှာ နှစ်သက်တဲ့စိတ်ဖြစ်ရင်လောဘ
မနှစ်သက်ရင်ဒေါသ နှစ်သက်သည်မဟုတ်မနှစ်သက်သည်မဟုတ်ဆိုရင်မောဟစိတ်ဖြစ်သွားပါတယ်။ ဒါကတော့ တွေးသိစိတ်ကနေဖြစ်တဲ့ အကုသိုလ်စိတ်ပါ။
image
crd-org-source
အထက်ပါအကြောင်းအရာတွေကိုပြန်တွေးကြည့်မယ်ဆိုရင်တနေ့တာအတွင်း ဒွာရခြောက်ပေါက်ဟုခေါ်သော မျက်စိ နား နှာ လျာ ကိုယ် စိတ် တို့မှဖြစ်သောလောဘ ဒေါသ မောဟစိတ်တွေဟာ ကုသိုလ်စိတ်ထက်အဆပေါင်းများစွာ ပိုနေတာကိုတွေ့ရပါလိမ့်မယ်။ တနေ့တာအတွင်းမှာတောင် ဒီလောက်အကုသိုလ်တွေဖြစ်နေတာ သံသရာတလျောက်နဲ့လက်ရှိအချိန်အထိ ဖြစ်ခဲ့တဲ့အကုသိုလ်တွေဘယ်လောက်များမလဲဆိုတာကိုတွေးသာကြည့်ကြပါဗျာ။ ဒီအကုသိုလ်တွေကြောင့် မြတ်စွာဘုရားက ဝိပသနာမရှု့တဲ့ ပုထုဇဉ်တစ်သိန်းသေ တစ်သိန်းလုံးနီးပါဟာ အပယ်လေးဘုံသို့ရောက်ကြရတယ်လို့ဟောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်တို့တွေဟာဒွာရခြောက်ပေါက်ကဝင်လာတဲ့ အကုသိုလ်တရားတွေနည်းနိုင်သမျှနည်းအောင် အသိသတိကပ်ပြီး နေထိုင်ကျင့်ကြံရပါမယ်။ မြတ်စွာဘုရားကလည်း ခန္ဓာဝန်မချမီ နောက်ဆုံးမှာခဲ့စကားမှာ "မမေ့မလျော့သောသတိနဲ့ဝိပသနာရှုပွားပြီးနေခဲ့ကြပါ"မှာကြားခဲ့တာဖြစ်ပါတယ်။ သတိ ဘယ်လိုကပ်ရမယ်ဆိုတာကိုဆက်လက်ဖေါ်ပြသွားပါ့မယ်။
image
crd-org-source
ကျွန်တော်တင်ပြတဲ့အကြောင်းရာတွေဟာ ထပ်နေတယ်လို့ထင်ကြပါလိမ့်မယ်။သေစေချာချာဖတ်ကြည့်ရင်တော့ကွဲပြားနေတာကိုတွေ့ရပါလိမ့်မယ်။ကုသိုလ်အကြောင်း အကုသိုလ်အကြောင်း အသေတတ်ဖို့လိုတဲ့အကြောင်းတွေ postတော်တော်များများမှာ ဖေါ်ပြနေရတကတော့အရမ်းအရေးကြီးလို့ပါ။ကျွန်တော်postတွေကို ဖတ်ပြီး "အသေမဦးခင် ဥာဏ်ဦးမှရမှာပါလား"ဆိုတဲ့အသိလေးတစ်ခုရသွားကြမယ်ဆိုရင် ရေးရကြိုးနပ်ပါတယ်။ကျွန်တော်တို့steemit အဖွဲ့ဝင်မိသားစုတွေလည်းစာတွေရေးရင်း SBDများများရရင်းနဲ့ တချိန်ထဲမှာဝိပသနာတရားများပွားများအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။
MSC-251
writer @mgmglattt

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ဆောင်ရန်ရှောင်ရန်သိအောင်အရင်လုပ်ရမှာပါ။များများတင်တော့ ပိုပြီးမှတ်မိတာပေါ့။သိပြီးမှ လက်တွေ့ကျင့်ကြံကြရမှာပါ။ဒါမှပိုမိုထိရောက်အောင်မြင်မှာပါ။အစ်ကိုရှင်းပြပေးထားတာလေး ပိုပြီးနားလည်လွယ်စေပါတယ်ခင်ဗျာ။အကုသိုလ်တွေမနည်းဘူးဆိုတာ ပေါ်လွင်စေပါတယ်။ပိုမိုဂရုစိုက်ပြီးနေထိုင်ရမယ်ဆိုတာလေး မှတ်သားရပါတယ်။အလှူဒါနတွေထဲမှာ တရားအလှူကအမြတ်ဆုံးဆိုတော့ အစ်ကိုရေ တစ်ဝက်သာခွဲပေးပါတော့ဗျာ။ကောင်းလှပါ၏ခင်ဗျာ။အားပေးလျက်။

·

ကောင်းလိုက်တဲ့reply
thanks

ညီလည်း စနစ်​တကျမဟုတ်​​ပေမယ့် ​ကောင်းမူ​လေး​တွေကိုလည်း အားလပ်​ချိန်​တိုင်း လုပ်​ပါတယ်​ အစ်​ကို။

·

ကောင်းပါတယ်ဗျာ
သာဓုပါ

အရမ်းကောင်းတဲ့အရေးအသားပါဗျာ

·

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

ကျွန်​​တောဆို ဘုရားရှိခိုး​တောင်​ ​ဖြောင့်​​အောင်​မဆိုတတ်​​သေးဘူးဗျ..ဟီး..

·

သိချင်တတ်ချင်တဲ့စိတ်လေးတစ်ခုပဲလိုပါတယ်

တစ်နေ့ထက်တစ်နေ့ ဝိပသနာတရားအားထုတ်ဖို့ ကြိုးစားပေမဲ့ မလုပ်ဖြစ်လို့ ကိုယ့်ကိုကိုယ်တောင် သနားမိပါသေးတယ်ဗျာ😟😟

·

အားထုတ်ဖို့စိတ်ကလေးရှိတာကိုက ကောင်းသောစိတ်ပါ

ဘုန်းကြီးအပြီးဝတ်လိုက်တော့

·

ဒါကြီးပဲမန့်တာ ငါးခါရှိပြီနော်

ဆရာလို လူတောင်မှ ဥာဏ်မဦးသေးရင်
ကျွန်တော်တို့ ဝေးပြီဆရာ

·

ဟုတ်ပါဗျာ

လောဘ ဒေါသ မောဟတွေကြောင့် သံသရာဂယက်ထဲဝဲနေဆဲပေါ့အစ်ကိုရယ်

·

သံသရာကြီးကရှည်လွန်းပါတယ်ဗျာ

မိမိရဲ့တစ်နေ့တာကို ကုသိုလ်ကောင်းမှုလုပ်ပြီး အကျိုးရှိရှိဖြတ်သန်းခြင်းဟာ ကောင်းမွန်သောအလုပ်ပါ

·

ဟုတ်ပါတယ်ဗျာ

ကောင်းပါတယ် ကိုမောင်မောင်လတ်ရေ တစ်နေ့တာအတွင်း ကောင်းမှု မကောင်းမှု ၊ ကုသိုလ် အကုသိုလ် များခွဲခြား အားထုတ်နိုင်အောင်၊ ၀ိပဿနာတရား အားထုတ်နိုင်အောင် လမ်းညွှန်ပေးတာလေး တန်ဘိုးရှိပါတယ်ဗျာ။

·

သေသေချာချာဖတ်ပြီးဝေဖန်ပေးလို့ကျေးဇူးပါဗျာ

  ·  3년 전

ဝိပသနာက အလှမ်းဝေးနေဆဲ အိမ်းကြိုးစာကြည့်ပါ့မယ်😊ပုံတွေ crd ပေးတာ.မှန်ပါတယ် ()ထဲ link ထည့် တဆက်တည်း ရေးပေးပါ ok သွားပါမယ် link ချုံ့ ပီးသား ဖြစ်တာပေါ့

·

ကြိုးစားကြည့်ပါမကြည်ရေ
တရားလုပ်ရင်မျက်နှာကြည်လင်ပြီး
ပိုကြည့်ကောင်းလာတယ်ဗျ

ကျနော်လည်းအကိုရေးထားတာဖက်ပီးမှမေ့နေတာလေးတွေပြန်လုပ်ရအုန်းမယ်ဗျာ

·

လုပ်ပါဗျာ
လှိုက်လှုက်လှဲလှဲတိုက်တွန်းပါတယ်

ပထမဦးစွာ သိသင့်‌သိထိုက်‌တာကို သိဘို့လိုပါတယ်‌။ သိမှ ‌ကြောက်‌သင့်‌တာကို ‌ကြောက်‌မှာပါ။သိပြီးရင်‌ လုပ်‌သင့်‌လုပ်‌ထိုက်‌တာကို လုပ်‌ကိုလုပ်‌ရမှာပါ။တစ်‌‌နေ့တာ ‌နေနည်း‌လေ စိတ်‌ကိုထားတတ်‌သွားရင်‌ ဘဝဟာ တန်‌ဘိုးရှိသွားပါပြီ။စိတ်‌ထားနည်း ကို အချိန်‌ ပြည့်‌နီးပါးသတိ ကပ်‌နိုင်‌‌အောင်‌ အ‌လေ့အကျင့်‌ လုပ်‌‌ပေးရမှာပါ။သူ‌နေ‌ပျော်‌ရင်‌ ထိန်းရတာ မခက်‌‌တော့ပါဘူး။ခံတွင်းမ‌တွေ့ဘူးလို့ေ ပြာေ ပြာ ၊အဝင်‌ခါးတယ်‌ ‌ပြော ‌ပြော ဆရာ့စာဟာ တန်‌ဘိုးရှိတဲ့ ‌ဆေး ဖြစ်‌လို့ ‌သောက်‌ကို ‌သောက်‌ရမှာပါ။ ‌ပြောပါများရင်‌ နားဝင်‌လာမှာပါ။ကိုယ်‌လည်းအကျိုးရှိ အများလည်းအကျိုးရှိ ‌စေ‌သောအရာပါ။

·

good
your reply
right!

Steemit လုပ်မှ ရသစုံ ဖတ်ဖူးတော့တယ်
မဟုတ်ရင် မဖတ်ဖြစ်ဘူး တရားအကြောင်းတွေဆိုပိုဆိုး
အခုတော့ ဖတ်ဖြစ်သွားပြီ လုပ်နိုင်အောင်လုပ်ဖို့ဘဲလိုတော့တယ်
ကျေးဇူးဆရာ

·

အေး
ညည်းတို့ကလူလွတ် တွေလေ တရားအလုပ်လုပ်ချိန်ပိုရတယ် သဒ္ဒါဆိုတဲ့ ယုံကြည်မှုလေးပဲလိုပါတယ်

ညအိပ်ယာဝင်ခါနီး မိမိတစ်နေ့တာလုပ်ဆောင်ခဲ့တဲ့အလုပ်တွေတစ်ခုခြင်းစီ ပြန်တွေးတိုင်း အကုသိုလ်ကင်းတဲ့လုပ်ရပ်တွေဖြစ်စေဖို့ ကြိုးစားဦးရမှာပါ

·

ပြန်သုံးသပ်ပြီး
နလုံးသွင်းမှန်သွားရင်တော့ အရမ်းကိုအကြိုးရှိပါတယ်ဗျာ

အဲဒါဆို နေ့တိုင်း ပုထုစဉ် လူတိုင်း အကုသိုလ်တွေ ရနေတဲ့သဘောပေါ့နော်

·

သိပ်မှန်တာပေါ့ဗျာ
ညီအနေနဲ့ ဒါလေးသိသွားတယ်ဆိုရင်ပဲ
ဝိဇ္ဇာမည်ပါတယ်
စရဏဆိုတဲ့အကျင့်ပဲကျန်ပါတော့တယ်
ဝိဇ္ဇာနဲ့စရဏနှစ်ခုပြည့်စုံရင်တော့ အကုသိုလ်တော်တော်နည်းသွားပါပြီ

ပုံမှာပါတဲ့စာသား​တွေကမှတ်​သားစရာပါ....​ကောင်း​သောပို့စ်​ပါ...

·

အကုသိုလ်ကင်းစွာနဲ့ တစ်နေ့တာကိုဖြတ်သန်းနိုင်အောင် ကြိုးစားပါ့မယ်ဗျာ

ကျွန်​​တော်​က​တော့ညစဉ်​ တရားမှတ်​အိပ်​တာများတယ်

·

သာဓုပါဗျာ