Ngwe Saung လွမ်းချင်း

3년 전

image
ဧည့်​ကြို​ကောင်​တာ​ရောက်​​တော့ကျွန်​​တော့်​ညီနာမည်​​ပြောပြီးသူ့ဧည့်​သည်​များဖြစ်​​ကြောင်း​ပြောလိုက်​သည်​။သူကြို​ပြောထားပုံရသည်​။ချက်​ချင်းဖုန်းဆက်​လိုက်​ပြီးကျွန်​​တော်​တို့ကိုခဏ​စောင့်​ရန်​​ပြောသည်​။ကျွန်​​တော့်​ညီထွက်​လာပြီးအထုတ်​အပိုးများကိုအကြို့အပို့ကား​ပေါ်တင်​တာကျွန်​​တော်​တို့လည်းတက်​လိုက်​ပြီးဘယ်​​နေရာတွင်​ဘာရှိ​ကြောင်း​လက်​လံ​ပြသ​နေသည်​။နံနက်​၄နာရီခွဲသာရှိ​သော​ကြောင့်​ပြသာပြ​နေသည်​ကျွန်​​တော်​တို့ကဘာမှမ​တွေ့ရ​ပေ။မနက်​မိုးလင်းမှလိုက်​ကြည့်​ရန်​အကြံ​ပေးသည်​။ဟို​ကွေ့ဒီ​ကွေ့နှင့်​သွားပြီးသိပ်​မကြာမီကျွန်​​တော်​တို့အခန်းကို​ရောက်​လာခဲ့​လေသည်​။အထုတ်​အပို်းများအခန်းထဲသို့ထည့်​ပြီးသူမနက်​ဂျူတီပြီးမှလာခဲ့မည်​ဖြစ်​​ကြောင်း​ပြောကာပြန်​သွားသည်​။ကျွန်​​တော်​က​တော့တစ်​လမ်းလုံးအိပ်​လာဖြင့်​အိပ်​​ရေးဝ​နေပြီဖြစ်​​သော်​လည်းကျန်​​လေး​ယောက်​မှာအိပ်​ချင်​မူးတူးပုံစံဖြစ်​​နေကြသည်​။စော​သေးသည့်​အတွက်​တစ်​​ရေစ​လောက်​အိပ်​ပြီးမှ​ရေဆင်းကူးကြရန်​တိုင်​ပင်​ကြပြီးအိပ်​ကြ​လေသည်​။
image
နံနက်​စာမှာလည်းဒီ​နေ့အတွက်​မပါသဖြင့်​အပြင်​မှာသွားစားကြရမည်​ဖြစ်​သည်​။ကျွန်​​တော်​က​တော့ဝိုင်​ဖိုင်​လိုင်း​ကောင်းသဖြင့်​youtubeထဲဝင်​​မွှေ​နေ​တော့သည်​။တစ်​နာရီ​လောက်​သုံးပြီးကျွန်​​တော်​လည်းအိပ်​ချင်​လာသဖြင့်​အိပ်​ချလိုက်​​တော့သည်​။
image
မျက်​နှာတွင်​ပူလာသဖြင့်​လက်​ဖြင့်​စမ်းကြည့်​လိုက်သည်​။ဘာမှမရှိ​ပေ။မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့စူးခနဲဖြစ်​သွားသဖြင့်​ပြန်​မှိတ်​ထားလိုက်​ရသည်​။နေ​ရောင်​သည်​နေရာအနည်းငယ်​ဟ​နေ​သောပြတင်း​ပေါက်​မှ်​မျက်​နှာ​ပေါ်သို့ကျ​နေခြင်းဖြစ်​သည်​။နေ​တော်​​တော်​မြင့်​​နေပြီဖြစ်​သည်​။နာရီကြည့်​လိုက်​​တော့ကိုးနာရီထိုး​နေပြီဖြစ်​သည်​။ကျန်​တဲ့​လေး​ယောက်​​ကြည့်​လိုက်​​တော့်​အိပ်​​မောကျ​နေကြသည်​။ 
![image](
image
ပင်​လယ်​နှင့်​​ဝေး​နေသည်​မှာအ​တော်​ကြာပြီဖြစ်​​သော​ကြောင့်​​စိတ်​လှုပ်​ရှား​နေမိသည်​။ဖြူ​ဖွေး​နေ​သောသဲ​သောင်​ပြင်​သို့တစ်​၀ုန်းဝုန်းနှင့်​ရိုက်​ခတ်​​နေ​သော​ရေလှိုင်းများနှင့်​မိုးကုတ်​စက်​၀ိုင်းအထိရှိ​နေ​သော​ရေပြင်​ကြီးကို​ဘွားကနဲ့​တွေ့လိုက်​ရ​သောအခါကျွန်​​တော်​တို့အကုန်​လုံးအပြုံးကိုယ်​စီနှင့်​ပီတီဖြစ်​​နေကြသည်​။ကျွန်​​တော်​တို့သည်​ဟိုတယ်​​ရှေ့မျက်​နှာစာမှထွက်​လာခြင်းမဟုတ်​ဘဲရွက်​​လှေသမားများ​လေ့ကျင့်​​သောဖက်​မှထွက်​လာခြင်းဖြစ်​သည်​။ရေကူးကန်​သည်​ဟိုတယ်​​ရှေ့မျက်​နှာစာမှာရှိသည်​။ကျွန်​​တော််​တို့ထွက်​လာသည့်​ဖက်​တွင်​မီးပြတိုက်​ပုံစံတူပြုလုပ်​ထားတာရှိသည်​။(ဆက်​ရန်​.)
@naylinn
MSC 196
Steemit မှမိတ်​​ဆွေအ​ပေါင်းချမ်းသာကိုယ်​စိတ်​မြဲပါ​စေ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

လွမ်းချင်းလေးအရမ်းကောင်းတယ်။နောက်လည်း ခုလိုဗဟုသုတတိုးစေတဲ့အကြောင်းအရာလေးတွေများများတင်ပေးကြပါနော်။အမြဲတမ်းအားပေးလျက်ပါ

·

ဒီနှစ်​မသွားနိုင်​လို့ လွမ်း​နေတာ​ဗျာ

ငွေဆောင်ကမ်းခြေ ကို ကမ်ခြေထဲမှာ ပိုလှတယ်လို့ခံစားမိတယ်ဗျာ။ပျော်စရာကောင်းပါတယ်။

·

တစ်​ခြားကျွန်း​တွေကပိုလှတယ်​ မသွားနိုင်​​တော့လို့

တစ်ခေါက်လောက်တော့ ရောက်ဘူးချင်သေးတယ်

·

လာချင်​ရင်​ နီးနီး​လေး​ပါ​ဗျာ

ငွေဆောင် ကိုမရောက်ဖူးဘူး

·

သွားကြည့်​ပါ သာယာပါတယ်

ချောင်းသာ နဲ့​ငွေ​ဆောင်​ကို ပြန်​လည်​သတိရတယ်

·

နောက်​တစ်​​ခေါက်​ထပ်​သွား​ဗျာ

‌ပျော်‌စရာကြီး‌ပေါ့။

·

ဟုတ်​ကဲ့

ဆက်ဖတ်ဖို့စောင့်မျှော်နေပါ့မယ်ဗျ

·

ကျေးဇူးပါ

အုန်းစိမ်းရည် နဲ့ ပုဇွန်ကင် စားချင်တယ် ..

·

စားလို့​ကောင်းတယ်​ အန်​တီ

ငွေဆောင်တွင် ရေဆင်းကူးကြတော့မည်ဆိုသောအခါ

·

ကူးပြီ​လေ

ဒီpostဖတ်ပြီးတော့ ချောင်းသာသွားခဲ့တာကိုသတိရမိတယ် ကောင်းသောpostတစ်ခုပါ

·

ဟုတ် ​​ကျေးဇူးပါ

  ·  3년 전

7hr ago တောင် မန့်တေ ခုထိ မပြန်ပု ဟွင်းဟွင်းနော်😑

·

😁😁😁

အလွမ်းပြန်​သယ်​လိုက်​ဦး​မေ ​ငွေ​ဆောင်​ကဇာတ်​လမ်း​လေး

·

သယ်​​စေ​ဗျာ

မျှော်နေတယ်နော် ဘောကွင်းစီးတာလေးတွေ ဟီးးး

·

လာမယ်​​လေကိုသာ​အေး

ရောက်ဖူးသူတွေကလွမ်းကြတေ မရောက်ဖူးသေးတော့ ကျနော်လည်း သွားချင်ပြန်တယ်

·

ရန်​ကုန်​ကဆိုသွားလို့အဆင်​​ပြေတယ်​​ဗျာ ဟိုတယ်​တန်း​ရောက်​တာပြန်​ရင်​လည်းဟိုတယ်​​ရှေ့လာ​ခေါ်တာ

ငါးကင် ပုဇွန်ကင့် ဘီယာလေ့း 😁😁😁

·

ရှယ်​ပဲ​ဈေး​တော့ကြီးတယ်

သာယာလိုက်​တာ

·

ဟုတ်​တယ်​ အစ်​မ

တခါ တခါ​တော့​ရောက်​ဖူး​အောင်​သွားမယ်​ဗျာ

·

သွား​ဗျာ

ရောက်ဖူးတဲ့သူတွေကို အားကျတယ်

·

နီးပါတယ်​​ဗျ သွားပါ