နှုတ်​ဆက်​ပါတယ်​ ​ Ngwe Saung

3년 전

image
မီးပြတိုက်​ဖက်​က​နေပြီး​တော့​ရေကူးကန်​ဖက်​ကိုလမ်း​လျောက်​လာခဲ့ကြသည်​။လမ်းတစ်​​လျောက်​seaviewအခန်းသုံးခန်းကိုဖြတ်​​လျောက်​လာခဲ့ရသည်​။အခန်းများသည်​အိမ်​တစ်​လုံးသာသာ​လောက်​ရှိသည်​။အခန်းထဲတွင်​လည်းပစ္စည်းများကလည်းအစုံပင်​ရှိသည်​။အခန်း​ရှေ့တွင်​လည်းပန်းခြံပုံစံထိုင်​ခုံ​လေးများဖြင့်​ပြုလုပ်​ထား​သေးသည်​။လာ​ရောက်​တည်းခို​သောမိသားစုများအပြင်​ထွက်​​ဆော့ကစားအပန်း​ဖြေ​နေတာကိုလည်း​တွေ့ရသည်​။အခန်းခကလည်း​တစ်​ရက်​ကို​ဒေါ်လာသုံးရာ​လောက်​ကျသင့်​သည်​ဟုသိရသည်​။လက်​လှမ်းမမီ​ပေ။တစ်​​နေ့​တော့​နေနိုင်​ရမည်​ဟုစိတ်​ထဲကြုံးဝါး​နေမိသည်​။
image

တွေ့ပါပြီ​ရေကူးကန်​။ခန်းနားလှ​သောဟိုတယ်​​ရှေ့မျက်​နှာစာနှင့်​​ရေကူးကန်​ကြီးကားလိုက်​ဖက်​လှ​ပေသည်​။က​လေးများကူးရန်​အတွက်​လည်း​နေရာပါသည်​။ပင်​လယ်​ထဲအရင်​ကူးပြီးမှ​ရေကူးကန်​မှာလာကူးရန်​ဆုံးဖြတ်​လိုက်​ကြပြီးပင်​လယ်​ကြီးဆီသို့ထွက်​လာခဲ့သည်​။သဲ​သောင်​ပြင်​သို့စတင်​ဆင်းသည့်​​နေရာတွင်​​ဘောကွင်းများ၊​ရေလွှာ​လျောစီးဘုတ်​များ၊​ဘောလုံးများငှါးသည့်​​နေရာရှိသည်​။ဟိုတယ်​မှဧည့်​သည်​များအတွက်​အကုန်​ဖရီးဖြစ်​သည်​။ရေလွှာ​လျောစီးဘုတ်​ကိုစီးချင်​​သော်​လည်းစီးစမရှိဘဲစီးပါကလူရယ်​စရာဖြစ်​​နေမည်​စိုး​သော​ကြောင့်​​ဘောကွင်းသာယူလာကြသည်​။ရေကကြည်​စိမ်း​နေသည်​။ရေငန်​ဖြစ်​သည်​။ကမ်း​ခြေတစ်​​လျောက်​ခရုခွံမျိုးစုံပြန့်​ကျဲ​နေသည်​။ဘောကွင်းချပြီးကစားပါ​လေ​တော့သည်​။
image
ကျွန်​​တော်​တို့ငါး​ယောက်​က​လေးဘ၀ကို​ခေတ္တခဏပြန်​​ရောက်​သွားသလိုပင်​ဖြစ်​သည်​။အန္တရာယ်​ရှိသည့်​​နေရာများကိုကြိုးများဖြင့်​တားထားသည်​။ကမ်း​ခြေတွင်​လည်းအန္တရာယ်​တစ်​စုံတစ်​ရာ​ပေါ်လာပါကကူညီ​ပေးရန်​အသက်​ကယ်​၀မ်းထမ်းနှစ်​​ယောက်​ကအမြဲကြည့်​ရှု​နေတာကို​တွေ့ရသည်​။ရေကစားရင်းအန္တရာယ်​ရှိသည့်​​နေရာ​ရောက်​သွားပါက၀ီစီမှုတ်​ပြီးသတိ​ပေးသည်​။ကမ်း​ခြေဖက်​သို့ပြန်​လာခိုင်းသည်​။ကမ်း​ခြေတွင်​​ဆော့ကစားသူများမှာကျွန်​​တော်​တို့ငါး​ယောက်​သာရှိသည်​။ဟိုတယ်​မှဧည့်​သည်​များကနံနက်​စာစားပြီးချိန်​ဖြစ်​သဖြင့်​​ရေကူးကန်​နှင့်​ဟိုတယ်​သွားလမ်းတစ်​​လျောက်​ချထား​သောခုံများတွင်​​အေး​အေး​ဆေး​ဆေးအနားယူ​နေကြသည်​။ခဏ​နေ​တော့ကျွန့်​​တော့်​ညီ​ရောက်​လာပြီးကျွန်​​တော်​တို့ကိုဓာတ်​ပုံရိုက်​​ပေးသည်​။သူကညဂျူတီသမားဖြစ်​သည်​။ခဏ​နေ​တော့ပြန်​အိပ်​​တော့မည်​ဟု​ပြောကာပြန်​သွားသည်​။ကျွန်​​တော်​တို့လည်းဗိုက်​ဆာလာသဖြင့်​​ရေကူးကန်​တွင်​​ရေသန့်​ဖြင့်​​ရေချိုးပြီးဓာတ်​ပုံရိုက်​ကာအ၀တ်​အစားလဲရန်​အခန်းဖက်​သို့ပြန်​လာခဲ့သည်​။
image
အ၀တ်​အစားလဲပြီးကျွန်​​တော့်​ညီ​ပြောထား​သောစား​သောက်​ဆိုင်​တွင်​ပင်​လယ်​စာများမှာပြီးဗိုက်​ဆာဆာနှင့်​စားကြ​လေသည်​။ရှင်းပြီးစာရင်း​ပေါင်းလိုက်​​တော့သုံး​သောင်း​ကျော်​ရှင်းရသည်​။ ခဏထိုင်​ပြီးစကား​ပြော​နေကြရင်း​ဆော့ထား​သောအရှိန်​နှင့်​စားထားတာ​တွေ​ပေါင်းပြီးအိပ်​ချင်​လာကြသည်​။ပြန်​အိပ်​ကြပြီးည​နေ​ရေဆင်းကူးမည်​။မနက်​ဖြန်​မှချစ်​သူများကျွန်းကိုသွားရန်​ဆုံးဖြတ်​လိုက်​ကြပြီးပြန်​အိပ်​ကြသည်​။နိုးလာ​တော့ည​နေ​တော်​​တော်​​စောင်း​နေပြီဖြစ်​သည်​။ရေဆင်း​ဆော့လို့မရ​တော့​ပေ။ရေကူးကန်​မှာ​ရေကူးဓာတ်​ပုံရိုက်​ပြီးပြန်​လာကြသည်​။ည​နေသာ​တော့မြန်​မာထမင်းဟင်းဆိုင်​မှာသွားစားကြသည်​။စား​သောက်​ပြီးတစ်​မနက်​လုံး​ဆော့ထားသည့်​ဒဏ်​​ကြောင့်​သိပ်​မလှုပ်​နိုင်​ကြ​​ပေ။ညီဖြစ်​သူဆီဂီတာလှမ်း​တောင်းလိုက်​ပြီးအခန်းထဲမှာသီးချင်းဆိုပြီးအိပ်​ကြ​လေသည်​။
image
ဒီမနက်​​တော့မနိုးရ​တော့​ပေ။စော​စောစီးစီးထကြသည်​။ရေမိုးချိုးအ၀တ်​အစားလဲပြီးနံနက်​စာစားရန်​ထွက်​လာခဲ့ကြသည်​။ဘူ​ဖေးစနစ်​ဖြစ်​ပြီးမိမိကြိုက်​တာထည့်​စားလို့ရသည်​။အစားအ​သောက်​များကလည်းစုံလင်​လှသည်​။ဖျော်​ရည်​နှင့်​​ကော်​ဖီများအမျိုးအစားစုံလင်​လှသည်​။မိမိတို့ကြိုက်​နှစ်​သက်​ရာများထည့်​ကာ​နေရာတစ်​ရာယူပြီးပယ်​လယ်​ပြင်​ကြီးကိုကြည့်​ပြီးနံနက်​စာစားရသည့်​အရသာကိုမ​မေ့နိုင်​ဖြစ်​ခဲ့ရသည်​။ကျွန်​​တော်​က​တော့တစ်​ပန်​ကန်​နှင့်​ပြီးသည်​။နှစ်​ပန်​ကန်​စားသူနှင့်​သုံးပန်​ကန်​စားသူနှင့်​စားနိုင်​သူများကစားကြသည်​။သူငယ်​ချင်း​တစ်​​ယောက်​သူအ​အေးသွား​ယူ​ပေးမည်​​သောက်​ချင်​တာမှာလိုက်​ရန်​​ပြောသဖြင့်​သံပရာရည်​မှာလိုက်​သည်​။
image​ဘေးဝိုင်းများကြည့်​လိုက်​​တော့နိုင်​ငံခြားသားများ​တော်​​တော်​များများကိုသာ​တွေ့ရသည်​။အ​အေး​သောက်​ကြပြီးလူများလာသဖြင့်​ကမ်း​ခြေရှိခုံများတွင်​ထိုင်​ကာပင်​လယ်​ကြီးကိုကြည့်​ပြီးအပန်း​ဖြေ​နေကြသည်​။စား​သောက်​ပြီးချိန်​ဖြစ်​သဖြင့်​​ရေထဲမဆင်းနိုင်​ကြ​တော့​ပေ။ငါး​ယောက်​သားစုပြီး​ကျောင်းသားဘ၀အမှတ်​တရများ၊​ရောက်​တက်​ရာရာများ​ပြော​နေကြသည်​။ညီဖြစ်​သူ​ရောက်​လာပြီး​သောက်​စရာများ​ပေးသွားသဖြင့်​ထိုင်​​သောက်​​နေကြပြီး​တစ်​​နေ့ခင်းလုံးဘယ်​မှမ​ရောက်​ဖြသ်​​တော့​ပေ။
image
ည​နေ​ရောက်​​တော့ချစ်​သူများကျွန်းသွားရန်​အ၀တ်​အစားလဲကြပြီးလမ်း​လျောက်​ထွက်​လာခ့ကြသည်​။လေးဆယ့်​ငါးမိနစ်​​လောက်​​လျောက်​ပြီး​ရောက်​​လေသည်​။ကျွန်းပေါ်တက်​အမှတ်​တရဓာတ်​ပုံရိုက်​ကြပြီးမ​မှောင်​ခင်​ပြန်​လာကြသည်​။အခန်းပြန်​​ရောက်​​တော့​ရေချိုးပြီးနယူးရီးယားအစီအစဉ်​​တွေကိုသွားကြည့်​ကြသည်​။ကလပ်​သွားပြီးဘယ်​သူမှမရှိသဖြင့်​ကျွန်​​တော်​ငါး​ယောက်​ပဲဝင်​ကပဲပြန်​ထွက်​လာကြသည်​။၁၂နာရီထိုး​တော့မီးရှုးမီးပန်း​တွေ​ဖောက်​ကြပြီးနှစ်​သစ်​ကိုကြိုဆိုခဲ့ကြသည်​။မနက်​ပြန်​ရမည်​ဖြစ်​သဖြင့်​အစီအစဉ်​ပြီးတာနှင့်​တစ်​ပြိုင်​နက်​အခန်းသို့ပြန်​ကာအိပ်​ရာဝင်​ခဲ့ကြသည်​။
image
မနက်​​စော​စောထပြီးနံနက်​စာစားအခန်းပြန်​အထုတ်​အပိုးများယူကဧည့်​ကြို​ကောင်​တာတွင်​ကားလာတာ​စောင့်​​နေကြသည်​။ခဏကြာ​တော့ကား​ရောက်​လာပြီးအထုတ်​အပိုးများတင်​ကာ​ကိုယ့်​​နေရာကိုယ်​ထိုင်​ပြီးလိုက်​လာကြသည်​။ငွေ​ဆောင်​မှမထွက်​ခင်​လမ်းတစ်​​လျောက်​ပင်​လယ်​ကြီးကိုနှုတ်​ဆက်​​သောအ​နေဖြင့်​ကြည့်​လာခဲ့သည်​။နောက်​တစ်​​ခေါက်​လာပါဦးမယ်​​ငွေ​ဆောင်​​ရေ.......
image
(ပြီးပါပြီ)

@naylinn
MSC 196
steemit မှမိတ်​​ဆွေအ​ပေါင်းချမ်းသာကိုယ်​စိတ်​မြဲပါ​စေ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

သွားခြင်လာပြီဗျာ

·

သွား​ဗျာ

နီပြီးမ​ရောက်​ဖြစ်​ဘူးဗျာ
ကံကိုမပါတာ

·

ရောက်​​အောင်​သွားပါ​ဗျာ

ကမ်း​ခြေမှာအပန်း​ဖြေ...​ပျော်​စရာကြီး...

·

ဟုတ်​တယ်​ အစ်​မ

ပျော်​စရာကြီးဗျာ

·

yes bro

ကမ်းခြေပုံတွေပြီးပါတော့ ဒီမှာက သွားချင်တဲ့စိတ်ထိန်းမရလို့

·

ပြီးပါပြီ​ဗျ

ပျော်စရာမို့ သွားအုံးမယ်ဗျာ

·

သွား​ဗျာ

ကမ်းခြေခရီးသွားရတာ relax အဖြစ်ဆုံးပါ။အရမ်းပျော်မှာပေါ့ဗျာ။Nice beach!

·

ပျော်​တာ​ပေါ့ သူငယ်​ချင်း​တွေနဲ့ဆို​တော့

ပျော်စရာအရမ်းကောင်းပြီး စာဖတ်ရတာ ကြည်နူးစေပါတယ်

·

ဟုတ်​ ​ကျေးဇူးပါ

‌ပျော်‌စရာကြီးဗျာ ။အခု‌တောင်‌ သွားလိုက်‌ချင်‌တယ်‌။

·

သွား​ဗျာ

  ·  3년 전

ပုစွန်ကြော်တွေ ငါကြော်တွေကြိုက်တယ် စားချင်တုံး ပီး ပြည်ကြီးငါးသုပ်...အမ်း စားချင်လာပီ ဒိုးခကွာ😁

·

စားခဲ့တာ​ပေါ့ ဆိုင်​ကိုဖုန်းမပါသွား​တော့မရိုက်​ဖြစ်​လိုက်​ဘူး

ရောက်ဖူးချင်လိုက်တာ ချောင်းသာတစ်ခုဘဲရောက်ဖူးတယ် အဟင့်

·

ချောင်းသာက​နေ တစ်​နာရီ​လောက်​ဆို​ငွေ​ဆောင်​​ရောက်​ပြီ

·
·

အော် အဲ့တုန်းကလဲ အများနဲ့သွားတာဆိုတော့ မရောက်ဖြစ်ခဲ့ပါဘူးညီရာ

ပုစွန်ကြော်တွေ ငါကြော်တွေ
ပုစွန်ကြော်တွေ ငါကြော်တွေ
ပုစွန်ကြော်တွေ ငါကြော်တွေ....... 1500 1500

·

အကြိုက်​ပဲ

နှုတ်ဆက်ပြီးပြန်သွားကြတော့ ငွေဆောင်ကမ်းဆောင်ကမ်းခြေက လှိုင်းပုတ်သံများကလည်း bye bye ဟု အသံမြည်ကာ နောက်တစ်ခါလည်း ပြန်လာခဲ့ကြပါဟု ခေါ်ဆိုနေခဲ့ပါသည်

·

အ​တွေး​တွေ​ကောင်းချက်

သွားနိုင်သူတွေကို အားကျပါတယ်

·

နီးနီး​လေးပါ သွားကြပါ

သာယာလွန်းပါတယ်ဗျာ အားကျလိုက်တာ

·

ဒီနှစ်​မသွားနိုင်​​တော့ဘူး

သူငယ်ချင်းတွေ နဲ့ ပျော်စရာကြီးနော် ..

·

ဟုတ်​တယ်​အန်​တီ​ရေ