ဒဏ်

3년 전

အနွေးဓါတ်လေးများရမလားလို့
ဇွတ်တိုးလိုက်ခါမှ
ကိုယ့်ကို သဂြိုလ်ပေးမယ့် မီးပုံဖြစ်နေတယ်
ရှိပါစေတော့လေ ကိုယ်ကအတောင်ကျိုးပီးသား။

အသိမှတ်ပြုခံရမလားလို့
ကြိုးစားနေရင်းက
တဖြည်းဖြည်းချင်း မှေးမှိန်လာတဲ့ ကိုယ့်ကိုကိုယ် အလန့်တကြားပြန်ကြည့်မိတယ်။
ွှရှိပါစေတော့လေ ငါဟာပျောက်ဆုံးပြီးသား။

23-25-11-Psychological-Abuse-ain.jpg
src
ကိုယ့်ရဲ့ပျော်ရွှင်မှု နာကြင်မှု ဝမ်းနည်းမှုဆိုတဲ့ စိတ္တဇနာမ်တ်ုင်းကို ကိုယ်မပိုင်တော့တဲ့နေ့
အဲဒီ့နေ့က ငါထောင်ပြောင်းတဲ့နေ့ပေါ့
အိမ်ထောင် ကနေ
စိတ်ထောင်ကိုလေ။

ကမ္ဘာပေါ်မှာရှိသမျှ Psychological abuse victims များအတွက် ခံစားရေးဖွဲ့သည်။

MSC-264
Su Htet Aung

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

မျက်ဝန်းထဲက ရှင်သန်လိုမှုကိုတော့ မမှိန်လိုက်ပါ့ကွယ်

·

ခုတလော တွေ့သမျှ ဖတ်သမျှ အကြောင်းတွေက depressionist art တွေ ၊ psycho art တွေချည်းဖြစ်နေလို့ ခံစားမှုတွေ ကူးစက်ကုန်ရော..။

ခံစား​ရေးဖွဲ့ထားတာပီပြင်​လွန်းလို့....စာ​ကြောင်းနည်း​ပေမဲ့တကယ့်​ထိမိပါတယ်​....👍👍

·

ကျေးဇူးတင်ပါတယ်... ခုတလော on the blue mood ဖြစ်နေလို့ အကုန်လိုက်ခံစားနေတာလေ.. 🙂🙂