တစ်ဖက်သတ်

3년 전

မိန်းကလေးရယ်
လှပတဲ့ မင်းအပြုံးတွေနဲ့
ဖမ်းစားညှို့ယူ ဆွဲငင်သလား
အတွေးထဲမှာ မင်းမျက်နှာ
ရွှန်းလဲ့နေသော မျက်ဝန်းများနဲ့
တည်ငြိမ်လွန်းသော မူယာတွေကို
အိပ်မက်ထဲထိ သယ်ဆောင်မိတဲ့
ငါ့ကိုငါလည်း ပြစ်တင်ဖို့တော့
မဖြစ်နိုင်ပါ

ပိုင်ရှင်မသိဘဲ စွမ်းလန်းရတဲ့
တစ်ဖက်သတ် အချစ်က
ငါ့အတွက်တော့
အလစ်သုတ်တဲ့ လူဆိုးပမာ
လိပ်ပြာမလုံ ဖြစ်ရပြီပေါ့

အချစ်ဆိုတာ ရယူခြင်းမဟုတ်
ဆိုရိုးစကား ဖက်တွယ်ထားကာ
ရင်မှာကျိတ်ပျော် နှစ်သိမ့်မြဲပါ
အသေအချာဆုံး စကားတစ်ခွန်း
ပြောပြရ ရင် မင်းကလွှဲပြီး
ငါ့ရင်ထဲကို ဝင်လာနိုင်သူ
မရှိတော့ပါ

ငါ့ချစ်ဆုံးက မင်းတစ်ယောက်သာ
ဖြစ်လို့နေမှာ ထာဝစဉ်ပါကွယ်

feeling-alone-quote-1.jpg

Image Credit Source

Writter@theizawlin
MSC - 128

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

အလဲ့ကဗျာစပ်​တာလည်း​ကောင်းတယ်​​တော့။

·

အဲလိုလည်း မဟုတ်ပါဘူး အစ်မရယ်

အိမ်ထောင်သည်. မမတေကိုကြိုက်နေတာဖိရမေ😞😞😞

·

ပေါက်ပေါက်ရှာရှာ ဟယ်

ဖတ်​လို့​ကောင်းတယ်​...ကဗျာ​ကောင်းပါ...

ညီလေး ကဗျာလိုင်းက ထပ်နေပီ အဆန်းလေးတွေ လုပ်ပါအုန်း။

·

ဟုတ်ကဲ့ပါ ကိုညီ ကျွန်တော်ကြိုးစားပါမယ်ဗျ

အဲဒီလို လည်းကောင်းတာပဲဗျ