နွေရင့်​နှင်းစက်​...၂

3년 전

နွေရင့်​နှင်းစက်​...၂
image

credit-org-source
" ထင်​မင်းရယ်​..စာကို ကြိုးစားစမ်းပါ..ဘဝမှာ ပညာဂုဏ်​ရှိတာ မရှိတာကလည်း ​ငွေရှိတာမရှိတာလိုပဲ လူကြားသူကြားထဲ ​နေရာယူလို့ရပါတယ်​.."
" ကျွတ်​..မင်းနဲ့​တွေ့တိုင်း တခြားချစ်​သူ​တွေလို တီတီတာတာ ​ပြောရမယ်​မရှိဘူး ယုယရာ..ကြိုးစားဖို့ လိမ်​မာဖို့​လောက်​ပဲ ဆုံးမ​နေတာပဲ"

ဘဝအ​ကြောင်းက ထင်​တာထက်​ ပိုနက်​နဲတယ်​ ထင်​မင်းရဲ့ လို့ သူမ စိတ်​ထဲက​နေ တိတ်​တိတ်​​လေး ​ပြောဖြစ်​ခဲ့တယ်​။

သူမ​ကြောင့်​လား သူကိုယ်​တိုင်​​ကြောင့်​လား​တော့ ​သေချာမသိရ​ပေမဲ့ အဲ့ဒီနှစ်​မှာ ထင်​မင်း ဆယ်​တန်း ​အောင်​ခဲ့တယ်​။သူငယ်​ချင်းတစ်​​ယောက်​လို ချစ်​သူတစ်​​ယောက်​လို တွယ်​တာမှုကတဆင့်​ သူမ သိပ်​​ပျော်​ခဲ့​ပေမဲ့ အဲ့ဒီအ​ပျော်​​တွေက တက္ကသိုလ်​မတက်​ခင်​အထိပဲဆိုတာ သူမ ​မသိခဲ့မိဘူး။

တက္ကသိုလ်​အရသာကို အပြည့်​အဝ အသုံးချချင်​တဲ့ ထင်​မင်းရယ်​..ရတဲ့ အခွင့်​အ​ရေးကို အမိအရဖမ်းဆုပ်​ပြီး အိမ်​မက်​ကြီးကြီး​တွေကို မက်​ချင်​တဲ့ ယုယရယ်​ လမ်းဆုံတစ်​ခုက​နေ ​ရွေးချယ်​ရ​တော့မယ့်​ အ​ခြေအ​နေ​တွေ ဖြစ်​လာ​နေခဲ့​တော့တယ်​။

အဲ့ဒီအချိန်​မှာ ထင်​မင်းရဲ့ စိတ်​​တွေဟာ အရင်​ကထက်​ပိုပြီး သိသာလာတယ်​ဆိုတာ ယုယ သိ​နေခဲ့တယ်​။
ရည်းစား​တွေ ထည်​လဲ ထား​နေသလို ယုယကို သူ့ရဲ့ အနားမှာ အမြဲရှိ​စေချင်​ခဲ့တယ်​။ ယုယကို ဟိုတုန်းကလိုပဲ သူ့အ​ပေါ် အနွံတာခံမှုနဲ့ သူ့ရဲ့ လွှမ်းမျုး အုပ်​စိုးမှု​အောက်​မှာ ပိတ်​​လှောင်​ထားချင်​တုန်းပဲဆိုတာ ယုယ သိ​ခဲ့ရတယ်​။

သည်းခံခြင်း​တွေ ကုန်​ဆုံးသွားတဲ့အခါ ယုယ ခိုင်​မာ​သေချာတဲ့ ဆုံးဖြတ်​ချက်​ကို ချလိုက်​​တယ်​..။

" ငါတို့ လမ်းခွဲကြဖို့ သင့်​ပြီ ထင်​မင်း..။"

သူမ ​အေး​ဆေးတည်​ငြိမ်​စွာ ​ပြောလိုက်​​ပေမယ့်​ ထင်​မင်းရဲ့ မျက်​ဝန်း​တွေဟာ မယုံနိုင်​ခြင်း​တွေနဲ့..

" ဘာ​ပြောတယ်​..ယုယ..။လမ်းခွဲမယ်​ ဟုတ်​လား...ဟား...မင်းက ငါ့ကိုမှ အဲ့ဒီစကားမျိုး ​ပြောတယ်​ ဟုတ်​လား.."

သူမ မတုန်​မလှုပ်​ ​ခေါင်းညိတ်​ပြလိုက်​​တော့ ထင်​မင်းလတ်​ရဲ့ တကယ့်​မာန​တွေက ​ခေါင်း​ထောင်​လာကြတယ်​။

" အဟွန့်​..မင်းလို မိန်းက​လေးတစ်​​ယောက်​က ငါ့အတွက်​ မက်​​လောက်​စရာ​တော့ မရှိပါဘူး ယုယ..ငါ့အ​ပေါ်မှာ အဲ့ဒီ​လောက်​မှ နားလည်​မှု မ​ပေးနိုင်​ရင်​ ငါတို့ လမ်းခွဲကြရုံ​ပေါ့ ..."
image

credit-org-source
သူမ တိတ်​တဆိတ်​ပဲ လှည့်​ထွက်​ခဲ့မိတယ်​။
အဲ့ဒီအချိန်​တုန်းက လွတ်​​မြောက်​မှုတစ်​ခုရဲ့ အရသာကို သူမ ခံစားခဲ့ဖူးတယ်​..။

သူမရဲ့ ကြိုးစားမှု​တွေ သူမရဲ့ ဘဝအခွင့်​အ​ရေး​တွေကို သူမ မိမိရရ ဆုပ်​ကိုင်​နိုင်​ခဲ့တယ်​လို့ ဆိုရလိမ့်​မယ်​ ထင်​တယ်​။
ထင်​မင်းလတ်​ရဲ့ လက်​သည်း​တွေကို မမြင်​နိုင်​ခဲ့တဲ့ သူမက အချိန်​အတိုင်းအတာတစ်​ခုအထိ​တော့ ​ပျော်​ရွှင်​ခဲ့ရ​လေရဲ့..

သူမက သူမရဲ့လမ်းဟာ ထင်​ရှားပြတ်​သား​နေခဲ့ပြီလို့ ယူဆခဲ့​ပေမဲ့ တကယ်​တမ်းကျ​တော့ ထင်​မင်းလတ်​က သူမ​နောက်​က​နေ သား​ရဲတစ​ကောင်​လို ​ချောင်း​မြောင်း​နေခဲ့တာမှန်း သူမ မသိခဲ့ဘူး..
သူမရဲ့ လမ်း​တွေမှာ အချိန်​အခါမ​ရွေး ​နှောင့်​ယှက်​မယ့်​ အရိပ်​ဆိုး တစ်​ခုလို ရှိ​နေခဲ့မယ်​မှန်း သူမ မသိခဲ့ဘူး..

သူမ ပထမဆုံး အလုပ်​တစ်​ခုကို ​ကျောင်းမပြီး​သေးပဲ ရ​အောင်​​လျှောက်​နိုင်​ခဲ့တာက အတန်း​ဖော်​သူငယ်​ချင်း​ဟောင်း နဒီလုပ်​​နေတဲ့ အလုပ်​မှာ နဒီရဲ့ အဆက်​အစပ်​နဲ့ ရခဲ့တာပါ..
သူမရဲ့ ကြိုးစားမှုနဲ့ သူမရဲ့ အားကျ​ကျေနပ်​စရာ ပညာ​ရေးလမ်း​ကြောင်း​ကြောင့်​ သူမအတွက်​ အလုပ်​တစ်​ခု ရခဲ့ချိန်​မှာ...သူမ​ဘေးနားမှာ အလုပ်​ထဲက ဒါရိုက်​တာ တစ်​ဦးကလည်း သူမအ​ပေါ် ယိမ်းယိုင်​​နေတာကို သိ​နေခဲ့ရတယ်​..
သူမလိုပဲ ထင်​မင်းကလည်း သိ​နေခဲ့တယ်​ဆိုတာကို​တော့ နဒီ့ဆီက​နေ သူမ သိခွင့်​ရချိန်​မှာ သူမရဲ့ သိက္ခာဟာ စုတ်​ပြတ်​​နေခဲ့ပါပြီ....

တစ်​ရက်​မှာ နဒီက သူ့ဖုန်း​လေးကိုကိုင်​ပြီး ယုယအလုပ်​လုပ်​​နေတဲ့ စားပွဲနား ကပ်​လာခဲ့တယ်​..ပြီး​တော့ တစ်​ခုခုကို သိထားသလိုမျိုးနဲ့

" ယုယ နင့်​ကို ငါ ယုံတယ်​။ တစ်​ခု​ပြောမယ်​​နော်​..ဒီတစ်​ခုက အ​ရေးကြီး​နေတယ်​..နင်​ စိတ်​​အေး​အေးထားပါ...နင်​နဲ့ ထင်​မင်း ပြတ်​သွားကြတာ ကြာပြီလား.."
" အင်း ကြာပြီလို့ ​ပြောရမယ်​..။သူ့ဘဝနဲ့သူ ​လျှောက်​တာပဲ ​ကောင်းပါတယ်​ဟာ.ဘာဖြစ်​လို့လဲ..."

သူမ ​ပေါ့​ပေါ့ပါးပါး​လေး ​ပြောလိုက်​တာ ဖြစ်​​ပေမယ့်​ နဒီက စိတ်​မ​ကောင်းသလို ​ခေါင်းတစ်​ချက်​ခါရင်း ​ပြောရခက်​​နေဟန်​နဲ့ပဲ..
image

credit-org-source
" နင်​နဲ့ထင်​မင်းတို့အ​ကြောင်းကို ငါတို့ ​ကျောင်းတူတူ​နေခဲ့သူ​တွေတိုင်းက သိခဲ့ကြ​ပေမယ့်​ လူတိုင်းက သိ​နေတာ​တော့ မဟုတ်​ဘူး​လေ..
နင်​သူ့ကို friလက်​မခံထားဘူးမလား.."
"အင်း​လေ..ဘာဖြစ်​လို့လဲ..."
"သူက ငါနဲ့​တော့ fri ဖြစ်​ထားတယ်​..ဒါရိုက်​တာ ရဲရင့်​ကို​ရောပဲ fri လုပ်​ထားတယ်​...​ရော့..ဒီမှာ သူတင်​ထားတဲ့ ပိုစ့်​..."

ယုယ နားမလည်းနိုင်​စွာ နဒီ့ရဲ့ ဖုန်းကို ယူကြည့်​လိုက်​မိရင်း ပိုစ့်​ကို ဖတ်​လိုက်​ချိန်​မှာ ပါးစပ်​ကို လက်​နဲ့ပိတ်​လိုက်​ရ​တော့တယ်​။
စာကိုဆုံး​အောင်​ မဖတ်​နိုင်​​တော့တာက မျက်​ရည်​​တွေ​ကြောင့်​ ​ဝေဝါးသွားလို့ပါ...

အပိုင်း... ၃ ....သို့...

Writter @yekungsatthone
Msc 213

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

အခန်းဆက်လေးကို အားပေးနေတယ်နော်ညီ

·

ကျေးဇူးပါပဲ

  ·  3년 전

အိမ်း နောက်အပိုင်းတွေ ဆက်ဖတ်တာပေါ့ ဆိုးပါပုလေ😁

·

ဟု မကြိ..မဆိုး​အောင်​​တော့ ကြိုးစား​နေပါတယ်​ဗျ...😁

ဆက်အားပေးနေမယ်နော်

ကောင်းပါတယ်အစ်ကို နောက်အပိုင်းအတွက် ဇာတ်လမ်းကိုဆွဲယူထားတာလေးက စာရေးသူရဲ့ လိမ္မာပါးနပ်မှုပါအစ်ကို။ဇာတ်ရှိန်ဟန်ချက်လေးက စာဖတ်သူကို စိတ်ဝင်စားစေပါတယ်ခင်ဗျာ

·

ကျေးဇူးပါဗျာ..အား​ပေးပါအုံး

ဆန့်တငင်ငင်နဲ့ စောင့်အုံးမယ်ဗျာ😊😊

·

စိတ်​ဝင်​စားစရာ​တွေ လာအုံးမယ်​ဗျာ

အဲ့ မှာ သီချင်းဝင်လာတယ်ဗျ

မငိုပါနဲ့ ချစ်သူရယ် အလွမ်းမိုး

·

မငိုရ​သေးပါဘူးဗျာ....လာပါအုံးမယ်

စောင့်မျော်လျက်ပါ

·

ဆက်​လက်​အား​ပေးပါဗျ

အခန်းဆက်တွေဆိုတော့အရမ်းကြိုက်တယ်

·

ဟုတ်​..ဆက်​လက်​အား​ပေးပါအုံးဗျာ

စာထဲဘာတွေရေးထားလဲသိချင်မိတယ်

·

အပိုင်း ၃ သို့

တိုးလို့တန်းလမ်းကြီး
ရက်စက်ပါပေ့ ကိုငြိမ်းမောင်ရယ်😑😑😑😑

·

ဆက်​လက်​​စောင့်​​မျှော်​အား​ပေးပါဗျ

အပိုင်း၃ဆက်​အား​ပေးပါ့မယ်​...အခန်းဆက်​​တွေ​ရေးနိုင်​တယ်​​နော့...good tal

·

ဟုတ်​ကဲ့ ဆက်​လက်​အား​ပေးပါဗျ

စိတ်ဝင်စားစရာဘဲဗျ နောက်အပိုင်းကိုဆက်ဖတ်ပါ့မယ်ဗျ

·

Thanks..ဆက်​လက်​အား​ပေးပါဗျ

ဆက်‌လက်‌ဖတ်‌ဖို့ ‌စောင့်‌‌မျှော်‌‌နေမယ်‌ ညီ။

·

ဟုတ်​..ဆက်​လက်​အား​ပေးပါ