ကျွန်​​တော်​နဲ့electronic

2년 전

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
မ​နေ့ကကျွန်​​တော်​အ​ပျော်​တမ်းသင်​ရင်းနဲ့ကျွန်​​တော့ကိုသက်​​ပေးတဲ့ဆရာ မန္တ​လေးကိုဆက်​​တော့မယ့်​အ​ကြောင်း​လေး​ရေးမိပါတယ်​ဗျာ့၊ ဒီလိုနဲ့ကျွန်​​တော့ကို မှာစရာရှိတာမှာသွားပြီးမန္တ​လေးကိုဆင်းသွကြပါတယ်​၊ အနားမှာကိုယ့်​ကိုသင်​​ပေးတဲ့ဆရာရှိတုံးက​တော့​ကြောက်​စိတ်​မရှိပါဘူး စက်​​တွေကိုလည်းရဲရဲတင်းတင်းကိုင်​ရဲပါတယ်​၊ တခုခုဖြစ်​သွားတာတို့ ပိုပျက်​သွားတာတို့ဆိုရင်​ကိုယ့်​​နောက်​မှာကိုယ့်​ဆရာရှိပါတယ်​​လေဆိုပြီးရဲရဲတင်းတင်းကိုင်​ရဲပါတယ်​၊ကိုယ့်​ဆရာမရှိ​တော့ နဲနဲ​တော့စိုးရိမ်​စိတ်​ဖြစ်​မိပါတယ်​၊ ​အော်​ ..ဆရာ့အရိပ်​ဆိုတာ ဒါမျိုး​ပြောတာ​နေမှာလို့​တွေးမိပါတယ်​၊ ဒီလိုနဲ့စက်​လာအပ်​တဲ့သူနဲ့ကိုယ့်​နဲ့နှစ်​​ယောက်​ထဲစကား​ပြောရတာ၊

Testing-NPN-Collector-3.jpg

https://goo.gl/images/qECZKy

ဒီ​နေရာမှာအ​တွေ့အကြုံရတာပါဘဲ၊ တချို့ပစ္စည်းအပ်​တဲ့ပိုင်​ရှင်​​တွေက ကိုယ့်​ကိုပြန်​ပြီးဆရာလုပ်​သွာတာ​တွေလဲကြုံရတယ်​ဗျာ့၊ အဲ့ဒီ​ခေတ်​က တီဗွီ​တွေသိတ်​မရှိ​သေး ကက်​ဆက်​နဲ့ ​ရေဒီယို​လောက်​ဘဲ အဲ့ဒီ​ခေတ်​က ​နေရှင်​နယ်​RX ​တွေ​ခေတ်​စား​နေချိန်​​ပေါ့၊ တရက်​​ရေဒီယို​လေးတလုံးလာအပ်​တယ်​ဗျာ့ ပိုင်​ရှင်​​ပြောပုံကကြည့်​အုံး ကျွန်​​တော့​ရေဒီယိုကအ​ကောင်း ဘာမှမဖြစ်​ဖူး တဲ့ အမ်​ ဘာမဖြစ်​ဘဲနဲ့ဘာလို့လာအပ်​လဲ​ပေါ့ ။ ဟိုဟာ ..အသံလိုင်း​လေး​ပျောက်​သွာတာ တဲ့ ကျွန်​​တော်​လဲခလုပ်​ဖွင့်​ကြည့်​​တော့ဘာသံမလာ ကျိုးကျိုး ကြွိကြွိသံ​တောင်​မလာဘူး ခင်​ဗျားဟာက ဘာမှလဲမဖြစ်​ဖူး​ပြော​သေးအသံလဲမလာဘူး ​ရေဒီယိုအသံဘဲနား​ထောင်​ရတာအသံမလာ​တောလဲပျက်​ပြီ​ပေါ့ဗျာ့၊ လို့​ပြောလိုက်​​တော့ ၊ သိဘူး​လေ ဓာတ်​ခဲ​ပြောင်းပြန်​ထည့်​မိတာ ကျန်​တာဘာမှမလုပ်​မီဘူးတဲ့၊ ​သေ​ရော​ပေါ့ဗျာ​အောက်​ပွတ်​အိုင်​စီတို့ ​အောက်​ပွတ်​ထရန်စ​စ္စတာတို့​လောင်​​တော့မှာ​ပေါ့ အဲ့လိုပါဆိုတ ချို့က ပြင်​ခသက်​သာ​အောင်​ သူတို့ကသိသလိုလို ဆရာကြီးလိုလိုနှင့်​လာ​ပြောကြတာ မနဲသီးခံနာ​ထောင်​​နေရတယ်​ဗျာ့ ။

555block.jpg

https://goo.gl/images/RaocME

နောက်​အပတ်​ စက်​ပြင်​သမားများတခြားအခက်​အခဲ​တွေကိုလည်း​ရေးပြပါအုံးမည်၊စာလာဖတ်သူအားလုံးကိုလဲကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာလို့​ပြောကြားရင်း....

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

အဟဲ ပြင်ခ ပိုက်ဆံသက်သာအောင် ပြင်ဆရာကို ဆရာပြန်လုပ်တာနေမှာ

ပြောပြလိုက်​စမ်းပါ ကိုကိုယု😊

Posted using Partiko Android

လက်ပျက်ကြီးနဲ့ ထောက်ပြတာ ကြောက်စရာဗျာ😁😁

Posted using Partiko Android