ခရီးစဉ်​မှတ်​တမ်း

2년 전

အားလုံးမင်္ဂလာပါခင်​ဗျာ့
ကျွန်​​တော်​ဒီ​နေ့ ပရိုကိုမတင်​ဖြစ်​​တော့ဘူးလားလို့ဗျာ့ ဆိုင်​ကယ်​နဲ့ခရီးသွား​နေတာဆို​တော့ မ​ရေးဖြစ်​ဘူး ၊ ကျွန်​​တော်​ပခုက္ကူကရွာရောက်​​တော့ နားမ​နေနိုင်​ဘူးဗျာ့ ဘာဖြစ်​လို့လဲဆို ​နောက်​ရက်​ဥပုတ်​​နေ့ ဆိုင်​တွေ​ပိတ်​မှာ ​နောက်​ရက်​ကြတခါ သင်္ကြန်​အကြို​နေ့ အဲ့ဒီ​တော့ သင်္ကြန်​ပီးထိမ​စောင့်​နိုင်​ဘူး ကျွန်​​တော့ပစ္စည်းသွင်းဖို့က အဲ့ဒါ​ကြောင့်​ချက်​ချင်း​ပြေးပို့လိုက်​ရတယ်​၊

IMG_20180502_072438.jpg

အဲ့​နေ့ညကပင်​ပန်း​တော့အိပ်​​ကောင်းလိုက်​တာဗျာ ​စော​စောအိပ်​လိုက်​​တော့​နောက်​ရက်​အ​စောကြီးအိပ်​ရာကနိုး​တော့တာဘဲ အိပ်​ရာနိုး​တော့ ပြင်းပါတယ်​ကွာက​လေးမြို့တက်​အုံးမယ်​ဆိုပြီး ​ပေါက်​ လမ်းဖက်​အတိုင်းဆိုင်​ကယ်​မီးဖွင့်​ပြီးစီးလာခဲ့​ပါတယ်​၊ ​ပေါက်​ မြို့​ရောက်​​တော့ ကျွန်​​တော်​နဲ့ညီအကို​တော်​ ငယ်​သူငယ်​ချင်း သူရဲ့ကုန်​စုံဆိုင်​စဖွင့်​တုန်းရှိပါ​သေးတယ်​၊ သူတိုကသူ​ဌေးဗျာ့ ကားနှစ်​စီးနဲ့​ဈေးထဲမှာကုန်​စုံ​ဆိုင်​နဲ့ သူ့အိမ်​ကလဲတိုက်​နဲ့ ကျွန်​​တော့ကိုရုပ်​တရက်​​တွေ့​တော့ အားရဝမ်းသာ ဟာ မင်းဘယ်​ကဘယ်​လို​ရောက်​လာတာလဲငါ့ဆီကို ဆိုပြီးဝမ်းသာအားရ ခရီး​ဆောင်​အိပ်​ကိုဖြုတ်​ပါ​တော့တယ်​၊ သူ့ဆီအလည်​လာသူ့ဆီအိပ်​မယ်​ထင်​ပြီး​ပေါ့၊ ဟာ ​ဟေ့​ကောင်​ငါက​လေးမြို့သွားမလို့ မင့်​ဆီငါအိပ်​လို့မဖြစ်​ဘူး​လို့​ပြောလိုက်​​တော့ သိပါဘူးကွာငါ့ဆီအလည်​လာတယ်​မှတ်​လို့ အိပ်​သွားပါကွ မ​တွေ့ရတာကြာပြီဘဲ အပြန်​အိပ်​မယ်​ကွာခု​တော့အသွားမအိပ်​​တော့ဘူးလို့ သူ​ကျေနပ်​​အောင်​​ပြောလိုက်​ရပါတယ်​၊

IMG_20180505_110227.jpg

ဒါနဲ့သူကလ္ဘက်​ရည်​ဆိုင်​​ခေါ်ပြီး လ္ဘက်​ရည်​​သောက်​ရင်းစကား​ပြော ​နောက်​ခန​နေ​တော့ ကျွန်​​တော်​လည်းခရီးဆက်​ထွက်​လာခဲ့ပါတယ်​၊ အဟီးးး ဘာရယ်​မဟုပ်​ဖူး​ရေးစရာမရှိလို့​ရှောက်​​ရေးတာ လာဖတ်​တဲ့သူ​တွေကို အား​တော့နာပါတယ်​ဗျာ ​နောက်​ကျမှ ကျွန်​​တော်​အချိန်​ရတဲ့အချိန်​မှ စာကိုများများ​ရေးပါမယ်​၊ အခုတာ့သီးခံဖတ်​​ပေးကြပါလို့​ပြောကြားရင်း..​တော်​​သေးပြီ၊

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ဒီလိုလေး ငယ်သူငယ်ချင်းနဲ့ဆုံတာလေးလည်း အမှတ်တရ ဖြစ်တာပါပဲအစ်ကို။

Posted using Partiko Android

ဘာဖြစ်​ဖြစ်​ခရီးသွားအ​ကြောင်းဖတ်​ရတာပါပဲ....

Posted using Partiko Android