ရေးပါရ​စေ

3년 전

"MSC နဲ့ အတူ steemitကို သုံးစွဲလာခဲ့တာ အချိန်​ကာလပင်​တစ်​ခု​ရောက်​ရှိလို့​နေပါပြီ။

MSCရဲ့ စည်းကမ်းများ တစ်​စုံတစ်​ရာ ​ဖောက်​ပျက်​ခဲ့ဘူးတာ ရှိမည်​​လော။

"MSC ရဲ့ ရည်​ရွယ်​ချက်​များကို Adminများ ပြန်​လည်​တင်​ပြ​ပေး​စေချင်​လိုပါတယ်​"

Admin,leader,memberဆိုပြီး mscတွင်​ အသီးသီးရှိကျပါတယ်​။
MSCတွင်​ steemit သုံး​နေသူတိုင်း အပြင်​အပ အလုပ်​ကိစ္စ မရှိသူ မရှိ​လောက်​ပါဘူးခင်​ဗျာ။

မအားတဲ့ ကြားထဲက​နေ ကူညီ​ပေးကျတဲ့ Admin,leader,memberများကိုလဲ ​ကျေးဇူးတင်​ပါရဲ့။

ပုံစံကွက်​က​လေးရှိတယ်​ဆိုတာက​တော့ သဘာဝကျပါတယ်​ခင်​ဗျာ။သူ့​နေရာ၊သူ့တာဝန်​အသီးသီးထမ်း​ဆောင်​​နေကျတာလဲ ​ပျော်​စရာပဲမလား။

အဲ့ဒီလိုဖြစ်​​နေလို့တစ်​ဦးပိုင်​ပိုင်​ဆိုင်​တဲ့ ကိုယ်​ပိုင်​ လုပ်​ငန်းမဟုတ်​ပါဘူးခင်​ဗျာ။

အများနဲ့လုပ်​ရတဲ့ ပုဂ္ဂလိက လုပ်​ငန်းလို့​ခေါ်နိုင်​ပါတယ်​ခင်​ဗျာ။ ​ပြောပါလိမ့်​မယ်​ တစ်​​ယောက်​တည်းလဲ ဖြစ်​တယ်​ဆိုတဲ့ သူ​တွေ​လေ။ တစ်​ချိန်​က 0.01နဲ့ပဲ စခဲ့ရတဲ့ သူ​တွေချည်းပါပဲ​လေ။

ဘယ်​လိုနားလည်​​ပေးရမလဲဗျာ။
အမိန့်​​ပေးသလိုမဖြစ်​​စေချင်​ဘူးခင်​ဗျာ။
တစ်​​ယောက်​ကိုယ်​စီ အခက်​အခက်​ဆိုတာ ရှိကျတာပဲမလား။

ဒါကို အာဏာ​တွေနဲ့ မခွဲခြားရင်​ သိပ်​​ကောင်းမှာပဲ။

စည်းလုံး​ရေး ဆိုင်းဘုတ်နဲ့ MSC ဆိုပြီး ချိတ်​ခဲ့ကျတာပါ။ ထိုဆိုင်းဘုတ်​အတွက်​ msc member ဝင်​တစ်​​ယောက်​ဖြစ်​တဲ့ ကျွန်​​တော့်​မှာလဲ တာဝန်​ရှိပါတယ်​။

ဒါကို........တစ်​​ယောက်​တည်းလဲ..​ခေါင်းမခံချင်​ပါနဲ့။.​ခေါင်းခံပြီး​တော့လဲ..​လေသံမမာပါနဲ့ခင်​ဗျာ။

"အခက်​အခဲ ကို ​ဆွေး​နွေးပါ။
ဝိုင်းဝန်း​ဖြေရှင်း​ပေးမှသာ....MSCက တည်​တန့်​ခိုင်​မြဲ​စေမှာပါ"

"Steemitကိုသုံးတာ......​ငွေရလိုသက်​သက်​မဟုတ်​ဘူးဆိုတာ...Admins,Leaders,membersများ....သိ​စေချင်​ပါတယ်​။

အမှန်​​ပြောရရင်​...MSC ဆိုတဲ့ နံမည်​​လေးကိုကြိုက်​လို့၊စည်းကမ်း​လေး​တွေကိုနှစ်​သက်​လို့ပါ။

MSCဆိုတာ အခုသုံး​နေတဲ့ လူ...တစ်​ဦးတစ်​​ယောက်​အတွက်​ ပါ​လေခြင်းမဟုတ်​ဘူးဆိုတာ MSC အဖွဲ့လုံးသိကျမှာပါ။

သို့​ပေမယ့်​...MSCတွင်​ ​လေသံမာ၊အာဏာပါဝါ ပြချင်​တဲ့သူများက ရှိ​နေ​လေ​တော့ ဘယ်​လိုများ အခက်​အခဲကို ​ဖြေရှင်းကျမလဲ​ပေါ့။ ဘယ်​လိုများ စည်းလုံးကျမလဲ​ပေါ့။

"ရှင်းရှင်း​ပြောရမယ်​ဆိုရင်​ ကိုယ်​ချင်းစတရားမရှိတာရယ်​ ဘဝ​မေ့​နေတာရယ်
ဘဝင်​မြင့်​​နေတာရယ်​လို့. ဆိုနိုင်​မည်​​လော။"

ထိုသို့ မလုပ်​သင့်​​ပေ၊မပြုမှုသင့်​​ပေ။
စည်းကမ်းအရလုပ်​နိုင်​တယ်​။သို့​ပေမယ့်​ ခပ်​ထန်​ထန်​စကားများကို​တော့ MSCတွင်​ အချင်းအချင်း မ​ပြောသင့်​​ပေ။မခွဲခြားသင့်​​ပေ။

ဆက်​လက်​​ရေးသားပါအုံးမည်​။
image
@zawmyo
MSC-061

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ဘယ်သူ့ကိုများ မကြေနပ်ဖြစ်နေလဲဗျ ။ ဆက်လက်ရေးသားပါအုံးမည်ဆိုတော့ အကြောင်းစုံသိအောင် စောင့်ဖတ်ပါ့မယ်။

·

ကျေးဇူးပါအကို​ရေ

What happen bro?
May i know?
We all under same roof. We need unity.
Please tell me what problem?

·

ဟုတ်​ကဲ့ ​ကျေးဇူးပါခင်​ဗျာ