ဆယ်​တန်းစာ​မေးပွဲကြီးနဲ့ ကျွန်​​တော့်​ရဲ့သူမ

3년 전

ဆယ်​တန်းစာ​မေးပွဲကြီးကလဲ ​ဖြေ​နေပြီ။ဖြေဆို​နေတဲ့ ညီ​တွေ ညီမ​တွေလဲ ​ဖြေလို့မှ ​ကောင်းရဲ့လားမသိဘူး။ ရင်​တထိတ်​ထိတ်​နဲ့ စာ​မေးပွဲ ကို ရင်​ဆိုင်​​နေမိသလား​ပေါ့။ ကိုယ်​က​တော့ စိုးရိမ်​မိ​သေးတယ်​ ညီ​တွေ ညီမ​တွေရယ်​။

"မင်းတို့ တစ်​နှ်း​ပတ်​လုံး ကြိုးစား သမျှကို ယခု ​ဖြေကြားတင်​ပြရ​တော့မယ်
အ​ကောင်းဆုံး​ဖြေကျပါ"လို့လဲ မှာချင်​မိ​သေး။အခုဆို မြန်​မာစာနဲ့ English စာ​တော့ ​ဖြေပြီးသွားပြီ။

"ဘယ်​လိုလဲ ​ဖြေနိုင်​ရဲ့လား​ပေါ့"။ ရင်​ထဲက အလုံးတစ်​ဝက်​​တော့ ပြုတ်​ကျသွားပြီလား ညီ​တွေ ညီမ​တွေရယ်​။

အာ့​ကြောင်း​လေး ​တွေးမြင်​​နေမိ​တော့ ကိုယ်​​တွေ ​ဖြေဆိုချိန်​ကို တမ်းတမိ​သေးတယ်​။

"မင်းတို့ရဲ့ အကို ဖြစ်​တဲ့ ငါတုန်းက​တော့ ဆယ်​တန်းဆယ်​​မေးပွဲကို ဘယ်​​လို ​ဖြေခဲ့တယ်​ဆိုတာ ​ပြောပြအုံးမယ်​ ညီ​တွေ ညီမတို့"။

ငါတို့တုန်းက​တော့ ဆယ်​တန်းစာ​မေးပွဲ အ​ဝေးတ​မြေက ဆင်​ဖြူကျွန်းဆိုတဲ့ မြို့​လေးမှာသွား​ဖြေခဲ့ရတယ်​။ကျောင်းက​တော့ ဇီးဖြူပင်​ဆိုတဲ့ရွာက အထက်​တန်း​ကျောင်း​လေးမှာ ​နေပြီး မျိုးဆက်​တံခွန်​လို့ အမည်​ရတဲ့ ​ဘော်​ဒါ​လေး ဆည်းပူးခဲ့တယ်​။

ဖြေရက်​​ရောက်​​တော့ တခြားတ​မြေဆီက ဆင်​ဖြူကျွန်းမြို့က အထက်​တန်း​ကျောင်းမှာ​ဖြေခဲ့ရတယ်​။ ​ဘော်​ဒါ အသီးသီး ရိက္ခာ အပြည့်​နဲ့ ကိုယ့်​​ဘော်​ဒါနဲ့ ကိုယ်​အ​ဆောင်​နဲ့ ကို ​ဖြေခဲ့ကျရတယ်​။

ကိုယ့်​​မြေမဟုတ်​​တော့ ရင်​ထဲမှာ စိမ်းသထက်​စိမ်းမိ​သေးတာ​ပေါ့။ အို မပူပါဘူး​လေ အ​ဖော်​​တွေက အများကြီးဆို​တော့ အားရစရာပါပဲ။ တချို့​တွေကလဲ ဒီဆင်​ဖြူကျွန်းမြို့​ပေါ်​လေးမှာပဲ လာဆုံကျတယ်​။ ဘယ်​သူဘယ်​ဝါမှန်းမသိ​ပေမယ့်​ ​ကျောင်းသားအချင်း ​ကျောင်းသူ အချင်း "စာရပြီလား"လို့ ​မေးလိုက်​တဲ့ အခါ "ရပြီလို့" ​ဖြေလိုက်​ရဲ့ ဖီလင်​မျိုး ငါ့ညီ​တွေ ညီမ​တွေ သိ​စေချင်​​သေးတယ်​။

ကဲ မနက်​ဖြန်​ မြန်​မာစာ​ဖြေမယ့်​ရက်​ ငါတို့ ဘယ်​လို​ဖြေခဲ့လဲ သိလား။ ​ပြောပြအုံးမယ်​။ ကိုယ်​က စာကျက်​တာ အရမ်းပျင်းတဲ့သူပဲ ။ မြန်​မာစာဆို​တော့ ကျက်​ရတာ ပင်​ပန်းတယ်​။ အမှန်​​ပြောရရင်​ မြန်​မာစာကို ​ကြောက်​တယ်​။ မြန်​မာစာရဲ့ အဓိပ္ပါယ်​ က မြင့်​မား​ပေမယ့်​ ကိုယ့်​အတွက်​​တော့ ပျင်းရိ​နေမိတယ်​​လေ။

ကဲ ဆရာမ​က​တော့ စာကျက်​စာကျက်​လို့ အတန်​တန်​မှာတယ်​။ တစ်​နှစ်​လုံးကျက်​လာသမျှ​တော့ ရတဲ့ဟာက ရ ၊ မရတဲ့ဟာက မရနဲ့။ ​ပေါ့​ပေါ့ပါးပါးပဲ ​အေး​ဆေး​နေတယ်​။ ဟီးဟီး ​။ ကဲ စာ​မေးပွဲခန်းဝင်​ဖို့ အချိန်​က ကပ်​လာတယ်​။ ​ကျောင်းဝန်းကြီးထဲမှာ အစုလိုက်​အပြုံလိုက်​နဲ့ ငါ့ညီ​တွေညီမ​တွေ ​ပြေးမြင်​​နေမိစမ်းပါ။

ဘယ်​​လောက်​​ပျော်​စရာ​ကောင်းသလဲ။ ဆရာဆရာမ​တွေက လူ​တွေကိုစစ်​ ပြီး​တော့ စာ​မေးပွဲအခန်းဝင်​ကာ ​ဖြေဆိုပါ​လေသ​ရော့။ ကဲ မြန်​မာစာ​တော့ ​ဖြေလို့ပြီးပြီ။ ​ဖြေနိုင်​ကျရဲ့လားလို့ အားရပါးရ ​မေးတဲ့သူက​မေး၊ ဆရာဆရာမ​တွေကလဲ ​မေး။ အ​မေးစုံတဲ့ မြင်​ကွင်း​လေးမှာ မျက်​ရည်​​ပေါက်​​ပေါက်​ကျ​နေတဲ့သူ မပါ​တောလ မြင်​ကွင်း​လေးက ကြည်​နူးစရာ။

ကိုယ့်​အတွင်​လဲ စိတ်​​ပေါ့သွားမိတာ​ပေါ့ ညီ​တွေ ညီမ​တွေရယ်​။ကဲ လာပြန်​ မနက်​ဖြန်​ English စာတဲ့ဗျာ။ Englishစာဆိုတာက ​ဖြေခါနီး​တော့ ကြည့်​စရာမ​တွေ့။ Read the passage ​လေး​ဖြေနိုင်​​အောင်​ပဲ ကြိုးစားရပြန်​။ Grammar ​လေးက အမှတ်​ယူရ​တော့ ကြည့်​ရပြန်​​သေး။

သို့​ပေမယ့်​ အချိန်​က ပို​နေ​သေး။
ပြောရအုံးမယ်​ မင်းတို့ အကိုဖြစ်​တဲ့ ငါက စာ​မေးပွ​ဖြေရက်​​ရောက်​​တာ​တောင်​ ခရက်​စ်​​လေးနဲ့ သာယာလို့​ကောင်းတုန်း။ သူ့မ စာ​မေးပွ​ကော ​ဖြေနိုင်​ရဲ့လို့လဲ ​မေးရ​သေးတယ်​။ သူမရဲ့ စာကျက်​ဟန်​​လေး​တွေကလဲ ချစ်​စရာ။ အလဲ့အလဲ့ မင်းတို့အကိုက အာ့အချိန်​မှ crushဆိုတာရှိလာတာ။

သူမရယ်​ စာ​မေးကြီးရယ်​နဲ့ မင်းအကိုက အဲ့လို​ဖြေခဲ့တာ😁😁😁။ အွန်း ​တော်​ပါပြီ ဆက်​မ​ရေးချင်​​တော့ဘူး သူမ အ​ကြောင်း​တွေ ပြန်​သတိရလာတယ်​။

ကဲ ညီ​တွေညီမ​တွေ​ရေ ဆယ်​တန်းစာ​မေးပွဲတွင်​ ကျက်​သမျှတိုး၍ ​ဖြေသမျှမှန်​ကန်​ကာ အမှတ်​​ကောင်း​ကောင်းနဲ့ တက္ကသိုလ်​ ဝင်​စာ​မေးပွဲကြီး ​အောင်​မြင်​ကျပါ​စေဗျာ။
MSC-061
@zawmyo
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ခု​​တော့ သူမရယ်​ steemit
Steemit ရယ်​ သူမရယ်​​ပေါ့

·

ဒါ​ပေါ့ဦးရယ်​လည်​ပတ်​​နေတာ😁😁

စာမေးပွဲသွားဖြေတာတောင် သူမကို တွေ့ခဲ့သေးတာလား ကလင်းရဲ့ သူမက ဒီထိ ရောက်လာပုံဘဲ

·

ဟီးဟီး ဟုတ်​မယ်​အမ​ရေသူမမှသူမပဲစွဲလန်း​နေပြီ😁😁

·
·

ဟုတ်​မယ်​အမ​ရေ ​လျှောက်​သွား​နေတာ အဲ့သူမက 😁😁

သူ့မစာ​မေးပွ​ကော​ဖြေနိုင်​ရဲ့လား......

·

ဖြေနိုင်​လို့အ​ဝေးသင်​မှထပ်​ဆုံမိ​သေးတယ်​အာ့​ကောဆက်​​ရေး​ပေးရမလားဦးကလင်း😁😁

သြော် ၁၀ တန်းပြီးခဲ့တာတောင် ၁၈နှစ်ရှိခဲ့ပြီ။ခုတော့ ကိုယ့်တူတူမတွေကိုပဲရင်လိုက်ခုန်ပေးနေရတယ်ဗျာ အောင်စာရင်းထွက်တိုင်း။

·

ဟုတ်​ပါ့အကို​ရေသူတို့အတွက်​စိုးရိမ်​မိ​နေ​သေးတာ

မြန်မာစာကတော့ လွယ်တယ်လို့  ပြောကြတယ် ဖြေနိုင်ကြတယ်ပေါ့။ကျွန်တော်လဲ အေးခွန်းကြည့်ပြီး ဖြေကြည့်တယ် စလေဦးပုည ရဲ့  ငယ်နာမည် ကို တော်တော်ရှာလိုက်ရတယ်။မောင်ပုတ်စည် တဲ့

·

ဟီးဟီး မြနိမာစာက​သေခက်​တာသာ​တေ​ကြာက်​တယ်

ဒီစာဖတ်ရတာ ကိုယ့်တုန်းကအချိန်တွေ ပြန်မြင်ယောင်မိတယ်ဗျာ

·

ဟုတ်​ပါ့သတိရမိ​သေးတယ်​ဗျာလွမ်းလျက်​ပါပဲခရ်​စ်​ရယ်​😁😁

ဒိုင်​ယာရီ စာအုပ်​​တွေထဲ ဆယ်​တန်းနှစ်​ ​ရေးအ​ကောင်းဆုံး​ပေါ့ .. အလဲ့ အလဲ့ ..😀

·

ဟဲဟဲအာ့လို​ပြောရမလား​တော့မသိဘူးဖြစ်​​နေတယ်​😁😁

မြန်မာစာကို ကြောက်တယ်တဲ့လား?

·

ကြောက်​တယ်​အမ​ရေစာစီစာကုံး​ကောင်း​ကောင်းမ​ရေးတတ်​ဘူးဆိုတာဒီပိုစ့်​က​နေသိသင့်​ပါတယ်​😁😁😁

အဲ့၁၀တန်းဆိုတဲ့ အချိန်ကာလကြီးကို အမှတ်မရချင်ဘူး
စာကျက်ရတာ ပင်ပန်းလွန်းလို့ နာတို့တုန်း ၉ -၁၀တန်းစာ
အကုန်မေးတာလေ တစ်မြို့လုံး ၁၀တန်အောင်တဲ့လူ ကလက်ချိုးရေလို့ရတယ်

·

ကျွန်​​တော်​တို့မြို့က​တော့ကျတဲ့သူကိုလက်​ချိုး​ရေလို့ရတယ်​ဟီးဟီးကြွားတာ

အောင်သွားတယ် ဆိုပါတော့ ကိုဇော်အတုယူပြီး crush ထားရင် စာမွဲအောင်တယ် လုပ်နေကြဦးမယ်

·

ဟဲဟဲဦး​နှောက်​​ဆေး​ကြောပြီးစာကျက်​ရတဲ့သ​ဘော​ပြောတာပါဦးဇင်းရယ်​😁😁

၁၀တန်းထဲက ဖွန်ရသလားဗျာ။ ကျနော့်တုန်းကဆို ၆တန်းလောက်မှ ဖွန်တတ်တာရယိ

·

ဟီးဟီး ဦးအင်း​ရေအာ့အချိန်​တုန်းကလဲအချစ်​ဆိုတာသိတာမဟုတ်​ခဲ့ဘူး😁😁

အကို တစ်​နှစ်​ပတ်​လုံးမှား​နေတယ်​ ဆယ်​တန်းက​လေး​တွေ စာ​မေးပွဲ​ဖြေနိုင်​ပါ​စေလို့ ညီလဲဆု​တောင်းပါတယ်

·

ဟုတ်​ကဲ့ပါဗျာ​ကျေးဇူးပါခင်​ဗျာ

10တန်းဖီလင်လေးတွေလာဆွပေးသလိုပဲနော်

·

ဟဲဟဲအာ့လိုလဲမဟုတ်​ပါဘူးဦးရယ်​အလွမ်းဇာတ်​​လေးထုတ်​ခင်း​ပေးလိုက်​တာပါ😁

ဘာပြောပြောcrushလေးကို မြင်လိုက်တော့ပင်ပန်းတာလေးတေပျောက်သွားတာပေါ့။ကောင်းပါပေ့ အဘရယ်။

·

ဒါ​ပေါ့ဒါ​ပေါ့ အပင်​ပန်းခံနိုင်​တဲ့​ဆေးစွမ်းတစ်​ခွက်​​ပေါ့လို့😁😁

ငယ်​ငယ်​က ၁၀တန်း​ဖြေခဲ့တာ​လေး​တွေသတိရတယ်​​ပေါ့ အဘ

·

ဟုတ်​တယ်​အဘ​ရေ သတိသိပ်​ရတာ ခရက်​စ်​​ကောဟီးဟီး😁😁