One of my life experience: No need to be special for friendship!

지난달

ယနေ့ခေတ်မှာယောက်ျားမိန်းမရင်ဘောင်တန်းလာပြီးကမ္ဘာကြီးကိုထုဆစ်ပုံဖော်ချိန်မှာတစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံရေးကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။လုပ်ငန်းအများစုကပူးပေါင်းဆောင်ရွက်မှုteam workဆိုပြီးဖြစ်လာချိန်မှာဟိုလူကိုတော့မခေါ်ချင်ဘူး  ဒီလူကိုလည်းငါစကားမပြောချင်ဘူးဆိုပြီးတစ်ဦးတည်းသီးသန့်နေလို့မရတော့ပါဘူး။

"မချစ်သော်လည်းအောင့်ကာနမ်း"ဆိုသလိုပဲကိုယ်ကမခေါ်မပြောချင်ပေမယ့်တာဝန်အသီးသီးကြောင့်ခေါ်ပြောဆက်ဆံနေရမှာပါ။ထိုကဲ့သို့ပြောဆိုဆက်ဆံဖို့အလွယ်ကူဆုံးနည်းလမ်းလေးကိုအကြံပေးချင်ပါတယ်။ 

လူတစ်ဦးကိုပြောဆိုဆက်ဆံဖို့ဆိုရင်ထိုလူဟာသင်နဲ့အမြင်ချင်းတူသည့်လူဖြစ်စေအမြင်ချင်းမတူသည့်လူဖြစ်စေကိုယ်ချင်းစာစိတ်လေးပဲထားလိုက်ပါ။သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်လေးထားလိုက်ပါ။ဒါဆိုမည်သို့သောလူဖြစ်စေသင်နဲ့အဆင်ပြေသွားမှာပါ။ကျွန်မဘာကြောင့်အခုလိုပြောနိုင်တာလဲဆိုတော့ကျွန်မကိုယ်တွေ့နဲ့ပြောပြခြင်းဖြစ်ပါတယ်။

ကျွန်မလွန်ခဲ့တဲ့တစ်ပတ်ကAmerican Centerကိုသွားခဲ့ပါတယ်။  သူငယ်ချင်းအစုံအလင်နဲ့  သွားတာဆိုတော့တစ်လမ်းလုံးဆူညံပွက်လောရိုက်နေတာပါပဲ။ACထဲရောက်တော့ကျွန်မသူငယ်ချင်းနှစ်ယောက်library cardလုပ်နေတာနဲ့ထိုင်စောင့်နေလိုက်ပါတယ်။သိပ်မကြာခင်မှာပဲကျွန်မသူငယ်ချင်းထဲကတစ်ယောက်ရဲ့အသိကလာနှုတ်ဆက်ပါတယ်။ဒါပေမယ့်ကျွန်မသူငယ်ချင်းကသိပ်ပြီးဖော်ဖော်ရွေရွေမပြောခဲ့ပါဘူး။ကျွန်မလည်းအားနာမိပါတယ်။တစ်ဆက်တည်းမှာပဲကျွန်မကိုယ်ချင်းစာစိတ်လေးဝင်လာမိပါတယ်။ကျွန်မသာဆိုကိုယ်သိတဲ့သူငယ်ချင်းတစ်ယောက်ကိုသွားနှုတ်ဆက်တဲ့အခါသူကသေချာမပြောမိရင်ကျွန်မအနည်းငယ်တော့ရှက်ရွံ့မိမှာပါ။ဒါကြောင့်ကျွန်မချက်ချင်းပဲကျွန်မသူငယ်ချင်းအစားလာနှုတ်ဆက်သူကိုပြန်ပြီးစကားပြောလိုက်မိပါတယ်။သိပ်မကြာခင်မှာပဲသူနဲ့ကျွန်မစကားတော်တော်များများပြောမိပါတယ်။နောက်တော့သူကACမှာအလုပ်လုပ်နေသူတစ်ယောက်ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။နောက်ပြီးသူကနောက်တစ်ခေါက်လာလည်ရင်ကျွန်မတို့တွေကိုACကိုလျှောက်ပြပေးမယ်၊မုန့်လည်းဝယ်ကျွေးပါမယ်ဆိုပြီးကတိပေးလိုက်ပါတယ်။

အပြန်ကျတော့ကျွန်မသူငယ်ချင်းတွေကကျွန်မကိုပြောပါတယ်။နင်ကတော်တော်ပေါင်းတတ်သင်းတတ်တာပဲတဲ့။ကျွန်မလူမှုဆက်ဆံရေးမကျွမ်းကျင်ပါဘူး။ဒါပေမယ့်ကျွန်မကိုယ်ချင်းစာစိတ်လေးထားပြီးလူတိုင်းကိုဆက်ဆံပါတယ်လို့ပြောလိုက်ပါတယ်။

နှင်းအိခိုင် ရေးသားသည်။



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=213
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT